"မိနိုးရေ ၊ ခုတလောရာသီဥတုက တယ်သာယာပါလား၊ ခိုညီးသံမကြားရတာ ကြာပြီ" ခိုင့်၏ငြီးငြူသံတွေ မကြားရ၍ ဆုဆုကရွဲ့ပြောနေခြင်းပင်
"ဘယ်ကြားမလဲ၊ အဲ့ မိန်းမသူ့စွမ်းနဲ့ breakယူထားပြီး တစ်ယောက်ထဲ သာယာနေတာလေ"
"တယ်ဟုတ်ပါလား၊ စွမ်းထက်ကို ဒီတစ်ခါတော့ လေးစားသွားပြီ ပေါက်ကွဲခါနီး မီးတောင်ကို၊ မီးငြိမ်းတောင် ဖြစ်အောင်ပြောင်းလိုက်နိုင်တာ နည်းတဲ့ skillတော့ မဟုတ်ဖူး။ အိမ်ကယောင်္ကျားကို သူ့ဆီသင်တန်းတက်ခိုင်းရမယ်"
နိုးနိုးနဲ့ ဆုဆုပြောနေတာကို ဘာမှဝင်မပြောဘဲ ခိုင်ပြုံးပြုံးလေးနားထောင်နေလိုက်သည်။
စွမ်း၏ break timeအစီအစဉ်မှာ အောင်မြင်သည်ဟု ပြောရမည်။
စွမ်းပြောသလိုပင် ဒီသုံးလကို ခိုင့်ကိုယ်ပိုင်အချိန်အဖြစ် အပြည့်အဝ အသုံးချလိုက်သည်။ ခိုင်ဖတ်ချင်လို့ဝယ်ထားပြီး မဖတ်ဖြစ်သေးတဲ့ စာအုပ်ကြွေးတွေကို အရင်ရှင်းလိုက်သည်။ ပူပင်စရာတွေ ရှာကြံမတွေးပဲ၊ ဝါသနာပါရာတွေကို လုပ်နေရတာကြောင့်၊ စိတ်က ပြန်လည်ကြည်လင်ကာ၊ အရင်လို တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်းပုံစံလေးပြန်ဖြစ်လာသည်။
ဒီနေ့ ခိုင်တို့ရဲ့ break time သက်တမ်းကုန်သည့်နေ့ဖြစ်သည်။ ခိုင်စိတ်လှုပ်ရှားစွာဖြင့် ကို့ဖုန်းကိုစောင့်နေမိသည်။
ရည်းစားဖြစ်စက ပထမဆုံးအကြိမ်စွမ်းနှင့်ဖုန်းပြောတုန်းကလိုပင် ခိုင့်ရင်တွေတဒိတ်ဒိတ်ခုန်နေသည်။
"ဟဲလို ခိုင်"
ကိုက ရှေ့ဆံပင်တွေကို ဘီးကုတ်နဲ့လှန်တင်ထားသောကြောင့်
"ဟယ် ဘယ်လိုဖြစ်လို့ ဘီးကုတ်ကြီးတပ်ထားတာလဲ"
"ဟဲဟဲ၊ ကိုယ့်စတိုင်က အရမ်းမိုက်သွားလား၊ ဆံပင်သွားညှပ်ချိန်မရှိလို့၊ ဆံပင်ကနည်းနည်းရှည်နေပြီး၊ ရှေ့ဆံပင်ကကျကျနေတာနဲ့၊ သူငယ်ချင်းဘီးကုတ်ယူတပ်ထားတာ"
"သူငယ်ချင်းက ယောင်္ကျားလေးလား၊မိန်းကလေးလား"
ခိုင့်အမေးကြောင့် ကိုကရယ်လိုက်ရင်း
YOU ARE READING
ကျွန်မရဲ့ သစ်ရွက်လေး
Romanceသစ်ရွက်လှုပ်တာမြင်ရင်တောင် ရီတတ်တဲ့၊ စိတ်ကစားတဲ့ အရွယ်၊ ငယ်ငယ်တုန်းက ကျွန်မမှာလဲ သစ်ရွက်ကလေး တစ်ရွက်ရှိခဲ့ဖူးတယ်။