ဒီနေ့က trekkingလျှောက် ၊ ကလော viewpointကြည့်ပြီး ပြန်ရောက်တော့ ပင်ပန်းနေကြပြီဖြစ်သည်။ ရေမြန်မြန်ချိုးကာ ညစာထွက်စားဖို့ ပြင်ဆင်နေကြချိန်၊ ဆုဆုက အလှပြင်နေရင်းက
"မိခိုင်၊အပြန်ကြရင် နင် စွမ်းထက်နဲ့သွားထိုင်လိုက်တော့၊ ငါကပိုင်နဲ့ပဲထိုင်တော့မှာ"
"ဟမ်၊ အဲ့လို မလုပ်နဲ့လေ၊ အဲ့လောက်ကြီး တွန်းပို့တော့ သရုပ်ပျက်တာပေါ့လို့"
"အထင်မလွဲနဲ့ အစ်မတော်၊ ကျုပ်ရည်းစားနဲ့ကျုပ် ထိုင်မယ်ပြောတာ၊ ဘယ်သူ့ကိုမှ တွန်းပို့မနေဘူး"
"ဘယ်လို ဘယ်လို ဘယ်လို" အင်္ကျီဝတ်နေတဲ့ မိနိုးပါစိတ်ဝင်စားပြီး အနားရောက်လာသည်။
"လာတုန်းကတောင် နူကလီယာအဆင့်ပဲရှိသေးတာလေ၊ ဘယ်အချိန်က ချစ်သူဖြစ်သွားတာလဲ ငါတို့လဲမသိလိုက်ရပါလား"
"ဒီနေ့ပဲ၊ ဗျူးပွင့်မှာ၊ ငါ့ကိုကြိုက်နေလားမေးလိုက်တယ်၊ သူကလဲကြိုက်တယ်ဆိုတော့ officially ရည်းစားဖြစ်သွားပြီပေါ့"
ဆုဆုမ အဖြေကို သဘောကျလွန်းလို့၊နိုးနိုးတစ်ယောက်၊ ဗိုက်ကိုလက်နဲ့နှိပ်ကာ တဟားဟားအော်ရယ်နေသည်။"နင်ကလဲ ဟယ်၊ ဟိုကပြောတာ စောင့်ပါအုန်းလား" ခိုင်က အလိုမကျစွာပြောတော့။
"စောင့်ချင် နင်ပဲစောင့်၊ ငါကပြန်ရအုန်းမှာ၊ ပြီးတော့ ပိုင်ငါ့ကိုကြိုက်နေမှန်းလည်း တလောကလုံးသိတယ်၊ သူပြောမယ့်အချိန်စောင့်နေရင် ငါအဘွားကြီး ဖြစ်သွားလိမ့်မယ်၊ ဘယ်သူကစပြောရမယ်လို့ ကန့်သတ်ထားတာ မရှိဘူး"
ခိုင် ဒီတခါတော့ဆုဆုကို အမှန်ပင်အားကျမိသည်။ ဘဝမှာ တစ်ခါတလေတော့လည်း ဆုဆုလို ကိုယ်မှန်တယ်ထင်ရင်၊ ဘာကိုမှဂရုမစိုက်ပဲ လုပ်ရဲတဲ့ သတ္တိမျိုးရှိချင်မိသည်။
"ငါ့အကြောင်း၊ ခဏထား၊ နင့်သစ်ရွက်ကရော၊ အခြေနေဘယ်လိုလဲ၊ လေတိုက်ပြီလား"
ခိုင်ပြုံးတုံ့တုံ့လေး လုပ်ရင်းက
"အွန်း တောင်တက်တုန်းကမက်တဲ့နေရာရောက်တော့ လက်လာတွဲကူတယ်၊ viewpoint ရောက်တော့လည်း၊ နှင်းဆီပန်းလေးကို ငါကလှတယ်ပြောလိုက်တော့ ခူးပေးတယ်သိလား၊ပြီးတော့ ဓါတ်ပုံရိုက်ပေးတုန်းကလဲ လှတယ်ပြောတယ်"
ဆုဆု သူ့နဖူးသူလက်ဝါးနဲ့ တစ်ချက်ရိုက်ကာ
YOU ARE READING
ကျွန်မရဲ့ သစ်ရွက်လေး
Romanceသစ်ရွက်လှုပ်တာမြင်ရင်တောင် ရီတတ်တဲ့၊ စိတ်ကစားတဲ့ အရွယ်၊ ငယ်ငယ်တုန်းက ကျွန်မမှာလဲ သစ်ရွက်ကလေး တစ်ရွက်ရှိခဲ့ဖူးတယ်။