အပိုင်း(၁၂)

666 31 0
                                    

"ကဲ ခုဆိုရင် revisionလည်း ပြီးပြီဆိုတော့၊ စာမေးပွဲမတိုင်ခင်အထိကတော့ self study ပဲ။ Class ကပိတ်လိုက်ပြီဆိုပေမယ့်၊ စာမေးချင်တာရှိရင်အချိန်မရွေးဖုန်းဆက်ပြီးမေးလိုရတယ်၊ လူကိုယ်တိုင်လာမေးချင်ရင်တော့ Sundayဆို ကျောင်းမှာ တီချယ် တစ်နေကုန်ရှိတယ်။ ဟုတ်ပြီလား။
စာမေးပွဲနေ့က Whiteboard မှာရေးပေးထားတယ်၊ Computer နဲ့ လာဖြေချင်တဲ့သူတွေက ကျောင်းကို ဖုန်းကြိုဆက်ပြီးမှ လာနော်၊ ကဲ အဲ့ဒါဆိုရင်တော့ အားလုံးကိုနှုတ်ဆက်ပါတယ်၊ စာမေးပွဲကို အမှတ်များများနဲ့ အခက်အခဲမရှိဖြေနိုင်ကြပါစေ"

"ချယ် ပေးတဲ့ဆုနဲ့ပြည့်ပါစေ၊ အီးးးးးစာတွေက မရသေးပါဘူးဆို"

ရှေ့ဆုံးတန်းက ခပ်ချွဲချွဲတပည့်မကို ပုခုံးကို ခပ်ဖွဖွ ပုတ်ရင်း

"ခုမှစာစ၊ လုပ်တောင် မှီပါသေးတယ် fighting "ဟုအားပေးရင်း အတန်းထဲက ထွက်လာခဲ့သည်။

ဆရာမတွေနားနေခန်းရောက်တော့ မဇင်နဲ့တခြားဆရာ၊ ဆရာမတွေပါရှိနေသည်။

"ခိုင်ကတော့ ဦးဆုံးပန်းဝင်သွားပြီဟေ့။
ကိုယ့်အတန်းကတော့ စာနည်းနည်း ကျန်နေသေးလို့၊ အချိန်ပိုခေါ်ဖို့ ဒီနေ့ညှိရအုန်းမယ် ဟူးးးး
ဪ ဒီတခေါက် ခိုင်လဲဖြေမှာဆို ဘယ်ဘာသာဖြေမှာလဲ"

"APMဖြေမှာ အစ်မ၊ အဲ့တစ်ဘာသာပဲကျန်တော့တာ၊ ဒါဖြေပြီးရင်တော့ examဆိုတာ တာတာ့၊ ဘိုင်ဘိုင့်ပဲ
ကိုယ့်စာကိုတောင် ခုမှသေချာကြည့်ရမှာ အစ်မရေ၊ ကျောင်းသားတွေကိုဦးစားပေးနေရတာနဲ့"
___________________________________

မျက်လုံးမှိတ်ကာ ရင်ဘတ်မှာစာအုပ်အပ်ထားရင်း ပွစိပွစိနှင့်စာရွတ်လိုက်၊ ပြီးရင် စာအုပ်ကိုပြန်ဖွင့်ကြည့်လိုက်၊ မျက်စိပြန်မှိတ်ကာရွတ်လိုက်လုပ်နေသော ခိုင့်ကိုကြည့်မနေနိုင်တဲ့ အဆုံး စွမ်းတယောက်

"ခိုင်ရယ်၊ ကလေးကြနေတာပဲ ၊အဲ့လို လုပ်မယ့် အစား စာတွေကို မျက်လုံးနဲ့သေချာကြည့်ပြီး အာရုံစိုက်ဖတ်တာက ပိုမှတ်မိတာ၊ ခိုင်ကြားဖူးတယ်မှတ်လား

I hear, I forget. I see,I remember. I do, I do. ဆိုတာလေ။

ခုလို ဆီမန်းသလိုပွစိပွစိရွတ်တဲ့ အသံက ခဏဆိုမေ့သွားရော၊ မြင်ရတဲ့အရာက ပိုစွဲတာ၊ ချပြီးရေးထား၊ ပြုထားရင်တော့ မမေ့တော့ဘူးပေါ့"

ကျွန်မရဲ့ သစ်ရွက်လေးWhere stories live. Discover now