705 54 11
                                    

တနင်္ဂ‌နွေ မနက်ခင်းဖြစ်တာကြောင့် ဂယူဘင်းမှာ တစ်ပတ်လုံး မအိပ်ထားရသမျှ အတိုးချအိပ်နေသည်။ ရက်သတ္တပတ် ၇ရက်တွင် ၅ရက်မှာ ဂယူဘင်း ရူးလောက်အောင် စာကြိုးစားရပြီး နှစ်ရက်မှာတော့ အပြည့်အဝ အနားယူတတ်သည်။ ထိုနှစ်ရက်၌ တနင်္ဂနွေနေ့သည်လည်း တစ်ရက်အပါအဝင်။

ကျောင်း၏ထူးချွန်ကျောင်းသားဖြစ်‌သည့် ဂယူဘင်းမှာ ပညာရေးနှင့် ပက်သတ်၍ နည်းနည်းလေးတောင်မှ အလွဲမခံတတ်ပေ။

ဒါပေမဲ့ ဒီစာသင်နှစ်ဝက်မှစကာ ဂယူဘင်းဟာ အကျင့်တွေပျက်လာရတော့သည်။

ဂယူဘင်း အကျင့်ပျက်ရခြင်း အကြောင်းအရင်းမှာ ကျောင်းသားသစ် ပတ်ဂွန်းဝုဂ့် ကြောင့်ပင်၊ ကျောင်းစတက်ချင်း အတန်းခေါင်းဆောင်မို့ သူ့ကို လိုအပ်တာတွေ ကူညီရန် တာဝန်ပေးခံထားခဲ့ရသည်မှာ သူဖြစ်သော်လည်း တစ်ပတ်အကြာ၌ ထိုတာဝန်ဟာ ဂွန်းဝုဂ့်ဆီကိုများ အတန်းပိုင်ဆရာက တိတ်တဆိတ် ပြန်ပေးလိုက်သလားတောင် ထင်ရသည်ပင်။

မျက်စိဒေါက်ထောက်ကြည့်ကာ လိုသမျှကို ဖြည့်ဆည်းပေးနေတဲ့ အမေကြီးလို အိပ်ရာနှိုးသည်အစ ချော့သိပ်တာအဆုံး လိုက်လုပ်ပေးသည်။အာ အမေလို မဟုတ်ဘူး မေမေတောင် သူ့ကို အဲ့လောက် ဂရုမစိုက်‌တာကြာပြီ။ တက္ကသိုလ်ပထမနှစ်တောင် တက်နေသည့် သူ့အား မေမေက အကုန်လုပ်မပေးတော့။ ထို့အပြင် ဂယူဘင်းမှာ တစ်ယောက်တည်း နေချင်၍ တိုက်ခန်းဝယ်ပေးထားကာ တစ်လတစ်ခါလောက်မှသာ လာကြည့်တတ်သည်။

ဂွန်းဝုဂ့်မှာတော့ အဲ့လိုမဟုတ်။ ရေလိုရင်လည်းရေခပ်ပေးတတ်သည်။ ဗိုက်ဆာရင်လည်း မုန့်ဝယ်ပေးတတ်သည်။ နေမကောင်းရင်လည်း ဆန်ပြုတ် လုပ်ပေးသေးသည်။ သူ အသက်၂၀အထိ ဒီလောက် ဂရုစိုက်ခံဖူးရဲ့လား တွေးမိသည်အထိဖြစ်အောင် ဂွန်းဝုဂ့်မှာ သူ့ကို အလိုလိုက်သည်။

ဂယူဘင်း အခု ဘယ်လောက်တောင် အကျင့်ပျက်သလဲဆိုရင် မေမေနဲ့ဖေဖေဆီ ပြန်ရင်တောင် "မေမေကလည်း သားကို ရေလေးတောင် မခပ်ပေးဘူး" ဟု ပြောမိသည်အထိပင်။ အဲ့လိုအချိန်တိုင်း မေမေမှာ သူ့နားအား လိမ်ဆွဲကာ "နင့်အသက် ဘယ်လောက်လဲဟမ်၊ ရေသောက်တာတောင် မအေကို ခိုင်းစားနေတယ်" ဆို၍ အမြဲ ဆူခံရသည်။ အကုန် ပတ်ဂွန်းဝုဂ့်ကြောင့်။

The Way I Love You~~Where stories live. Discover now