11

394 54 0
                                    

ယွန်ရီကအရိပ်အကဲမသိစွာ
‌ဂျယ်ယွန်းဆီပြုံးပြုံးနဲ့ပြေးလာလေတော့
ဆောင်ဟွန်းက ဂျယ်ယွန်းရှေ့ကနေ
ပိတ်ရပ်လိုက်သည်။

"မင်းကဘယ်သူလဲ'

မျက်မှောင်ကြုံ့ပြီးမေးနေတဲ့အရှေ့က
မှုန်ကုပ်ကုပ်နဲ့လူကိုကြည့်ပြီး ယွန်ရီ
အရိပ်အကဲနည်းနည်းသိသွားသည်။
သေချာပေါက် အစ်ကိုဂျယ်ယွန်းရဲ့
ဘဲကြီးပဲနေမယ်!။

"အာ ဟီးဟီး အစ်ကိုဂျယ်ယွန်းရဲ့
ရှယ်ယာရှင်ပါပဲ'

"ရှယ်ယာရှင်က ရှယ်ယာရှင်လိုနေမှပေါ့
ဘယ်နှယ့်'

"ဆောင်ဟွန်း!'

ဆူပုပ်ပုပ်နဲ့ပြောနေတဲ့ဆောင်ဟွန်းကြောင့်
ဂျယ်ယွန်း ယွန်ရီကိုအားနာသွားသည်။

"ရပါတယ်အစ်ကိုဂျယ်ယွန်းရယ် ပြောပါစေ
အစ်ကိုဂျယ်ယွန်းရဲ့ ဘဲကြီးဂျေတွေနင်နေတာ
နေမှာ '

"ငါ့ဘဲကြီးမဟုတ်ပါဘူး!'

"ဘာလို့မဟုတ်ရမှာလဲ !'

"ကျွန်တော်မှအဖြေမပေးရသေးတာ!'

ဂျယ်ယွန်းရှင်းမ်ရဲ့အဖြေမှမပေးရသေးတာ
ဆိုတဲ့စကားကြောင့် ပတ်ဆောင်ဟွန်း
မျက်မှောင်ကြုံ့ကာဘာမှမပြောမိတော့။

အစက ယွန်ရီဆိုတဲ့‌ ကောင်မလေးကိုကိုရွယ်နေတဲ့စစ်ပွဲကနေ တဖြည်းဖြည်း
ဂျယ်ယွန်းဘက်ကိုသူလှည့်မိတော့မှာ။

"ယွန်ရီ အီတလီကိုအလည်သွားမလို့
လနည်းနည်းကြာမယ် ဟီးဟီး
လာနှုတ်ဆက်တာ'

အီတလီကိုသွားမယ်ဆိုတဲ့ ယွန်ရီကြောင့်
ဂျယ်ယွန်းပြုံးစိစိဖြစ်သွားသည်။

"လနည်းနည်းကြာမှာဟုတ်ရဲ့လား
နင့်ကောင်မလေးရှိလို့ ပြန်ကောလာပါ့မလား'

ကောင်မလေးဆိုတဲ့စကားကြောင့်
ပတ်ဆောင်ဟွန်းမသိမသာစိတ်အေးသွားသည်။
အင်း တော်သေးတာပေါ့။

"အစ်ကိုဂျယ်ယွန်းကလည်း !'

"မဟုတ်လို့လား'

"မဟုတ်ပါဘူး လာနှုတ်ဆက်တာ
ဒီဘက်ကအစ်ကိုဂျယ်ယွန်းဘဲကြီး
ပတ်ဆောင်ဟွန်းလည်း
တွေ့ရတာ၀မ်းသာတယ်နော် အစ်ကိုဂျယ်ယွန်း
ဆီကနေ ဘဲကြီးအကြောင်းကြားဖူးတယ်'

𝖲𝗎𝗇𝗀'𝗌 𝖮𝗓𝗓𝗂𝖾 𝖡𝗈𝗂 « 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 »Where stories live. Discover now