9

338 58 0
                                    

"ဦးလေးပြောတာကို
သားငယ်လည်းနားလည်မယ်ထင်ပါတယ်'

လျှောက်လည်ပြီးနောက်တစ်နေ့
ဦးလေးပတ် နဲ့ဂျယ်ယွန်းတို့
ဧည့်ခန်းမှာထိုင်ကာစကားပြောဖြစ်ကြသည်။
အချိန်က ‌ပတ်ဆောင်ဟွန်းအလုပ်သွားနေသည့်
အချိန်။ ဦးလေးပတ်ပြောတာတွေက ဂျယ်ယွန်း
ငြင်းလို့မရသောအရာတွေပင်။ သူ့မိဘ‌ပိုင်
လုပ်ငန်းတွေကိုနောက်ဆုံးတော့ကိုယ်တိုင်
ဦးစီးနေရမယ့်ကာလတစ်ခုကိုရောက်လာပြီ။

"နားလည်ပါတယ်ဦးလေး
ကျွန်တော်လက်ခံပါတယ် ဒီအပတ်ကျွန်တော်တို့
ဩစတေးလျကိုပြန်ကြတာပေါ့'

"ကောင်းပြီ'

ဧည့်ခန်းထဲက ဦးလေးပတ်ထွက်သွားသည်နှင့်
ဂျယ်ယွန်းထိုနေရာကနေမထိုင်ပဲငူငူငိုင်ငိုင်
ဖြင့်သာနေနေမိသည်။

သူပတ်ဆောင်ဟွန်းကိုမသွားခင်
ချစ်ကြောင်းပြောသွားသင့်လား ဟင့်အင်း
အဲ့တာကမဖြစ်ဘူး သူဩစ‌တေးလျမှာ
လုပ်ငန်းတွေသေချာဦးစီးနေဖို့က နှစ်ချီပြီးကြာမှာ ပတ်ဆောင်ဟွန်းရဲ့လုပ်ငန်းကလည်းသိပ်ကို
အောင်မြင်နေတာမို့ ဩစတေးလျကို
ပတ်ဆောင်ဟွန်း ခနခနလာနိုင်မှာမဟုတ်ဘူး။
ဂျယ်ယွန်းကိုယ်တိုင်လည်းသူ့လုပ်ငန်းနဲ့ရုံးချုပ်ကို
Korea သို့တန်းပြီးအခုတည်းကချိန်းလိုက်
ချင်ပေမယ့် လုပ်ငန်းတစ်ခုဆိုတာက
မလွယ်တဲ့အရာမို့ ဩစတေးလျမှာသာ
နေပြီး ကိုင်ရမည့်အလုပ်တွေ။
ကြာလာရင် အနေဝေးသွားကြပြီး
ပတ်ဆောင်ဟွန်းကသူ့ကိုမချစ်တော့ရင်ဖြင့်!။

တွဲတောင်မတွဲကြသေးပဲ ကြားတွေကိုကျော်ပြီး
နောက်ဆုံးကြီးထိဇွတ်တွေးနေတဲ့ဂျယ်ယွန်းရှင်းမ်
ဟာဒီလိုအချစ်ရေးမှာတော့ လူကြီးလေးတစ်ယောက်လိုကို အကြိုက်တွေးမိနေပါတော့သည်။

ညနေခင်း ဆောင်ဟွန်းအလုပ်က
ပြန်လာတဲ့အချိန်ထိ ဂျယ်ယွန်းရှင်းမ်ဟာ
ဘာမှမပြောသေးပဲ နေနေမိသည်။

"အဖေ ဒီအပတ် ပြန်တော့မယ် သား'

ညစာစားဝိုင်းမှာတိတ်ဆိတ်နေခြင်းကို
ပတ်သခင်ကြီးဘက်ကစကားစလိုက်ခြင်းပင်။

"ဂရုစိုက်ပြန်'

အေးတိအေးစက်ဖြင့်သာ စားနေတာကို
တစ်ချက်မျှမရပ်ပဲ steak ကို ဓားနဲ့လှီးရင်း
ပြောလိုက်သည်။

𝖲𝗎𝗇𝗀'𝗌 𝖮𝗓𝗓𝗂𝖾 𝖡𝗈𝗂 « 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 »Where stories live. Discover now