1

1K 72 5
                                    

အချိန်အားဖြင့် ညနေပိုင်း ၃နာရီ။
Park အိမ်တော်ရဲ့ဧည့်ခန်းတွင်ထိုင်နေသော
အသက် 21 သာရှိသေးသည့် သခင်လေး
ပတ်ဆောင်ဟွန်း။

နိုင်ငံခြားကသူ့အဖေရဲ Korea က
Company ကိုဦးစီးနေတဲ့သူ။
အမြဲတမ်းဒီနိုင်ငံမှာတော့
ထိပ်စီးကပဲအမြဲရှိနေတဲ့ Park မျိုးရိုးတွေ။

ဒီလိုတွေတင်မဟုတ်ပဲ အဖေ့အာဏာကော
သူ့အာဏာနဲ့ပါပေါင်းလုပ်ထားတဲ့
လူတွေမသိပဲအမှောင်လောကမှာလဲ
ပတ်ဆောင်ဟွန်းက 'ဘန်ဂျမင် ( Benjamin)'
ဆိုသည့်နာမည်နှင့်‌လူလုံးမပြပဲ
အလုပ်ကိစ္စတွေလုပ်သည် ။

"မင်းက အဖေလွှတ်လိုက်တာလား ?'

ဆောင်ဟွန်းတစ်ယောက်ရေခဲရိုက်
မျက်နှာဘေးနဲ့သူ့အရှေ့ကဆိုဖာမှာထိုင်နေတဲ့
ဖြူဖြူလုံးလုံးကောင်လေးကိုမေးလိုက်သည်။

"ဟုတ်ပါတယ်'

"နာမည်ဘယ်လိုခေါ်လဲ'

"Jake'

"ကိုရီးယားနာမည်ကိုမေးနေတာ'

"အာ..ရှင်းမ်ဂျယ်ယွန်း'

ဂျယ်ယွန်း၊ရှင်းမ်ဂျယ်ယွန်း၊ဂျယ်ယွန်းရှင်းမ်။
ပတ်ဆောင်ဟွန်းစိတ်ထဲ၌တော်တော်တော့
သဘောကျသွားသည်။

အဖေလွှတ်လိုက်တာသာဆောင်ဟွန်းသိသည်။
အဖေကဩစတေးလျမှာလုပ်ငန်းကိစ္စနဲ့
အသွားအပြန်လုပ်နေခဲ့တာတစ်နှစ်ကို
တစ်ခါလောက်သာပြန်လာသည်။အမေက
သူငယ်ငယ်တည်းကသေဆုံးသွားတာမို့
မိဘမေတ္တာအပြည့်အ၀မရထားတဲ့
ဆောင်ဟွန်းဟာ နွေးထွေးမှုတွေ၊ကြင်နာမှုတွေ၊
စာနာမှုတွေဆိုတာသူ့ဘ၀မှာမရှိပေ။

"အိမ်တော်ထိန်းယို ဂျယ်ယွန်းကို
အိပ်ခန်းပြင်ပေးလိုက်ပါ'

အိမ်တော်ထိန်းကြီးအပေါ်ထပ်တက်သွား
လေတော့ အိမ်တော်ထိန်းကြီးနောက်
လိုက်သွားဖို့လုပ်နေသောရှင်းမ်ဂျယ်ယွန်း။

"ငါမင်းကိုသွားခိုင်းသေးသလား ?'

ပတ်ဆောင်ဟွန်းရဲ့အေးတိအေးစက်အမေးကို
ဂျယ်ယွန်းခေါင်းသာခါပြလိုက်သည်။
သူကြောက်နေတာ..ပတ်ဆောင်ဟွန်းကို
သူကြောက်နေသည်။

𝖲𝗎𝗇𝗀'𝗌 𝖮𝗓𝗓𝗂𝖾 𝖡𝗈𝗂 « 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 »Where stories live. Discover now