3

501 67 3
                                    

တစ်ပတ်သာကြာသွားသည်။
ရှင်းမ်ဂျယ်ယွန်းလေးမှာအိမ်ထဲကအိမ်ပြင်ကို
မထွက်ရ အတော့်ကိုပျင်းနေသည်။
ဘာလို့ဆို ပတ်ဆောင်ဟွန်းဆိုတဲ့
မကောင်းဆိုးဝါးကောင်က ဂျယ်ယွန်းကို
လျှောက်မလည်ရသေးဘူးလို့ပြောထား
သေးလို့ပင်။ဂျယ်ယွန်းရှင်းမ်လေးက
ပတ်ဆောင်ဟွန်းကြီးကိုတော့အရမ်းအရမ်း
ကြောက်သည်။ အရှိန်အဝါအပြည့်နဲ့
တည်တည်ငြိမ်ငြိမ်သူမို့ ဂျယ်ယွန်းကကြောက်ရသည်။ဧည့်သည်ပေမယ့် ဧည့်၀တိကျေသလောက်ကျေပေမယ့် အိမ်ပြင်ခုထိမထွက်ခိုင်းတာကတော့ ဂျယ်ယွန်းသဘောမကျပေ။

"ကိုယ်သွားတော့မယ် ဂျယ်ယွန်း'

မနက်စာဝိုင်းကနေမထခငိ
ဆောင်ဟွန်း ဩဇီသားလေးကိုပြောလိုက်ခြင်း။

"သွားလေသွားပေါ့ မင်းဘာသာသွားတာပဲ
ဘာလို့လာပြောနေတာလဲ ဘလော့ဗ်ဟက်ရဲ့'

ပတ်ဆောင်ဟွန်း အဲ့နာမ်စားကိုကြားပြီး
‌သူ့ခေါင်းကဆံပင်တွေသာသူပြန်ဖွာနေလိုက်
တော့သည်။အဲ့နာမ်စားကိုမွှေနှောက်လိုက်တာ
ဩဇီလိုဆိုအဲ့တာကအရူးကိုပြောခြင်းတာဆိုတာ
သိလိုက်ရခြင်းတည်းက ဆောင်ဟွန်းမှာရယ်ရခက်ငိုရခက်။

"ခေါ်ရတာတော်တော်ကြိုက်နေတာလား ?'

ဆောင်ဟွန်းသူ့‌ခုံကထကာ ဂျယ်ယွန်းရှင်းမ်ခုံရှေ့
ဒူးတစ်ဖက်ထောက်ကာ ဩဇီသားပေါက်စနကို
စိုက်ကြည့်လိုက်‌သည်။

"အင်းကြိုက်တယ်!'

"လာမစွနဲ့နော်!
တစ်ခုခုလုပ်ပစ်လိုက်ရမလား ဟမ်'

‌ဆောင်ဟွန်းခပ်တည်တည်ဖြင့်
လေသံခပ်မာမာနဲ့ပြောပစ်တော့
ထို‌ကလေးလေးက မျက်ရည်စလေးတွေဝဲလာ
လေတော့သည်။

ဟော်ဗျာ ဒီကကောင်ပဲလူဆိုးဖြစ်ရပြန်ပြီ။

"ငိုဖို့တော့မစဉ်းစားနဲ့နော် ဂျယ်ယွန်းရှင်းမ်!'

"ဟင့်'

"မနက်စောစောစီးစီး ဘာလို့ငိုနေတာလဲ'

"မကောင်းတဲ့ ပတ်ဆောင်ဟွန်း!
ဟင့် မကောင်းတဲ့ကောင် အင့်'

တအီအီငိုချလာသော ဩဇီသားလေးက
အငိုလွန်ပြီး လဲကျလာလို့‌ဆောင်ဟွန်း
ရင်ခွင်ထဲကွက်တိကိုဖြစ်နေရောပဲ။
ဖက်ထားလိုက်သည်။ဘာမှတော့မပြောဖြစ်ပင်။

𝖲𝗎𝗇𝗀'𝗌 𝖮𝗓𝗓𝗂𝖾 𝖡𝗈𝗂 « 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 »Tahanan ng mga kuwento. Tumuklas ngayon