6

374 58 0
                                    

နေ့ရက်တွေက ဂျယ်ယွန်းရှင်းမ်အတွက်တော့တစ်နေ့တစ်ခြားပိုပိုပျင်းဖို့ကောင်းလာသည်။

တစ်နေ့တစ်ခြားဘာမှမထူးမခြားမနားပင်
ပတ်ဆောင်ဟွန်း ကအလုပ်ကနေပြန်လာတယ်
သူနဲ့ထမင်းစားတယ် ပြီးရင်သူ့အခန်းသူပြန်အိပ်တယ် ပတ်ဆောင်ဟွန်းအလုပ်သွားနေတဲ့
အချိန်တိုင်း ဂျယ်ယွန်းမှာ ယိုယိုနဲ့အိမ်ကြီးထဲမှာ
ပျင်းဖို့ကောင်းအောင်နေနေရသည်။
ထပ်ပြီးလည်းခိုးမထွက်ရဲပေ အိမ်ကြီးရဲ့သခင်
မိုးမီးလောင်ရင် ဂျယ်ယွန်းလေးတို့ပြေးစရာ
နေရာမရှိအောင်ကိုကြောက်လို့ပင်။

သေချာတွေးကြည့်တော့လည်း ပတ်ဆောင်ဟွန်း
နဲ့သူနဲ့ဆက်ဆံရေးကတစ်ကယ်ပဲ ဘာလဲဆိုတာ
နားမလည်မိဘူး။ပတ်ဆောင်ဟွန်းဘက်ကနေ
မထိတထိတွေပြောပြီး ကလိတဲ့အခါ ဂျယ်ယွန်းလေးခမျာ ရင်တွေဖိုးသို့ဖတ်သပ်နဲ့
နေရခက်လှပါတယ်။

"သခင်လေး  ပျင်းရင် ယိုယို့ဆီလာလေ'

အပေါ်ထပ်အခန်းပြတင်းပေါက်ကနေ
အတွေးတွေလွန်နေမိတုန်း ခြံ၀င်းထဲမှာ
ပေါက်တူးတစ်လက်နဲ့အလုပ်ရှုပ်နေတဲ့
အိမ်တော်ထိန်းယိုက လှမ်းခေါ်နေတာကြောင့်
ပျင်းပျင်းနဲ့ ခြံထဲဆင်းသွားလိုက်သည်။

"ယိုယို ဒီနေရာက ဟိုနေ့ကမြက်ရိုင်းတွေ
နှုတ်ထားရတဲ့နေရာမလား'

"ဟုတ်တယ်လေ သခင်လေးရဲ့'

"ပေါက်တူးနဲ့ဘာလို့ထပ်ပေါက်နေတာလဲ
အပင်စိုက်မလို့လား'

"အပင်တော့မစိုက်ရသေးဘူး သခင်လေးရဲ့
သခင်လေးဆောင်ဟွန်းက မနက်ခင်းမသွားခင်
လုပ်ခိုင်းသွားတာပဲ ယိုယို့အထင်တော့
ဒီနေရာမှာ တစ်ခုခုစိုက်မလို့ထင်တယ်'

"အော် အခုထိမပြီးသေးဘူးလား'

"နေရာကနည်းနည်းကျယ်တယ် သခင်လေးရဲ့
ကြာမယ်ထင်တယ် သခင်လေး ခုံလေးမှာ
ထိုင်ကြည့်နေလေ ပျင်းနေရင်'

"ဂျယ်ကောလုပ်ပေးမယ်လေ'

အိမ်တော်ထိန်းယိုဘာမှတောင်မပြောရသေး
ဘေးမှာအပိုထောင်ထားတဲ့ ပေါက်တူးကို
သွားဆွဲဖို့ပြင်နေတဲ့ဂျယ်ယွန်းကြောင့်
ဂျယ်ယွန်း အရင်မယူခင် သူကိုယ်တိုင်
ထိုပေါက်တူးအပိုကိုလှမ်းယူလိုက်သည်။

𝖲𝗎𝗇𝗀'𝗌 𝖮𝗓𝗓𝗂𝖾 𝖡𝗈𝗂 « 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 »Where stories live. Discover now