ep5

459 79 38
                                    

Unni

အတန်းထဲတွင် စာသင်နေသည့်
ဆရာဟာကိစ္စတစ်ခုခုကြောင့်ထွက်သွားသည်နှင့်
အတန်းသူ အတန်းသားတိုင်းရဲ့
အသံတွေဟာလည်းချက်ချင်းပင်
ဆူညံစွာထွက်ပေါ်လာ၏။

ထိုအထဲတွင်နောက်ဆုံးအတန်းမှာ
ထိုင်နေသည့်ဂယူနှင့်ရှန်လည်းအပါအဝင်ပေါ့။

''ရှန်မင်းလက်လေးတွေက ပန်းရောင်သန်းပြီး
လှလိုက်တာမင်းသမီးလေးလိုပဲ''

ရှန့်၏စာရေးနေသည့်လက်တွေကို
ကြည့်ရင်းဂယူဟာ နူးနူးညံ့ညံ့
ဆိုလိုက်ခြင်းသာ။

ရှန်ဟာဂယူသူ့အပေါ်ထိုသို့ နူးနူးညံ့ညံ့
ပြောလာလျှင်မကြိုက်ပါ။
ပြောချင်းပြောကိုယ်ကပဲပြောရမှာကို
သူ့ဘက်ကကြီးဦးအောင်ပြောနေတော့ခက်သား။

''ငါ့လက်ဆိုအကြီးကြီးပဲ''

ပြောရင်းဆိုရင်းပင်ရှန့်လက်ကို
ခွင့်ပြုချက်မတောင်းပဲချက်ချင်းဆွဲယူပစ်ကာ
သူ့လက်ဖဝါးလေးဖြင့်ထပ်တူကျစေ၏။

ရှန့်ရင်ထဲအပျော်လှိုင်းလေးဖြတ်သန်းသွားကာ
ဂယူလုပ်သမျှကိုမသိမသာပြုံးလျှက်
ကြည့်နေမိသည်။

'လက်ချောင်းရှည်တွေကိုလာတိုင်းတဲ့
အဲ့လက်ကလေးတွေကိုဖြည်းဖြည်းချင်း
ဆုပ်ကိုင်လိုက်ရင်ဘယ်လိုများနေမလဲ။

အမြဲတမ်းသည်းခံနေပေမဲ့
အခုတော့သည်းမခံချင်တော့ဘူး။
မင်းကအရမ်းချစ်ဖို့ကောင်းလို့ငါသေတော့မှာပဲ။'

ရုတ်တရက်ပါပဲ Say My nameသီချင်းထဲက
စာသားလေးအချို့ကခေါင်းထဲကို
ဖြတ်ပြေးသွားကာ ရှန့်အပြုံးတွေကို
ပိုအသက်ဝင်သွားစေ၏။

''ဘာရယ်နေတာလဲ စပ်ဖြဲဖြဲနဲ့
သိန်းတန်ရုပ်နဲ့''

''ဘာ!!!''

ဂယူဟာ သူမကြိုက်ဘူးပြောထားသည့်
ကြားထဲကအဲ့သိန်းတန်ဆိုတဲ့နာမည်နဲ့ စပြန်၏။
ငယ်ငယ်တုန်းကလည်းအဲ့လိုစလွန်းတာမို့
တစ်ခါဂယူ့ကိုဂုတ်ကနေဆွဲကာ
ရေကန်ထဲပစ်ချဖူးခဲ့၏။
အဲ့အချိန်တုန်းကလည်းနှစ်ပတ်လောက်
အချင်းချင်းစိတ်ဆိုးပြီးမခေါ်ခဲ့ကြ။
နောက်မှမေမေတို့ပြန်လုပ်ပေးမှသာ
အဆင်ပြေသွားခဲ့ကြတာဖြစ်တယ်။

My StrawberryWhere stories live. Discover now