ep4

420 62 41
                                    

Unni

''ရှင်ဘာလာလုပ်ပြန်တာလဲ ထွက်သွားပေးပါ''

''ငါ့သားကိုငါလာခေါ်တာ မင်းနဲ့မထားခဲ့နိုင်ဘူး''

''ရှင်မျက်နှာပြောင်လာမတိုက်နဲ့နော်
သားလေးငါးနှစ်အရွယ်ထဲက လှည့်တောင်မကြည့်ဘဲ
ထားသွားခဲ့ပြီးမှအခုသားလေးအရွယ်ရောက်မှ
ပြန်လိုချင်လို့လာခေါ်တယ်တဲ့လား ရမလား!!''

''ဘာလဲ ရှင်ယူထားတဲ့သူကယောက်ျားလေးမို့
ကိုယ်ဝန်မဆောင်နိုင်တော့အရှက်မရှိ
ဂယူလေးကိုလာခေါ်ခိုင်းလိုက်တယ်ပေါ့''

''မင်းပါးစပ်ကသူ့ကိုပြောစရာမလိုဘူး ပိတ်ထား!!''

''ခင်ဗျားက ဘာမို့လို့မေမေ့ကိုလာအော်နေတာလဲ!!''

''သား..''

''မေမေ့သားလေး''

ဂယူအိမ်အောက်ထပ်က ဆူညံသံတွေကြောင့်
ဆက်မအိပ်နိုင်တော့ဘဲထလာလိုက်တော့။
ထင်တဲ့အတိုင်းအဖေဆိုတဲ့လူဟာ
မေမေ့ကိုထပ်ပြီးစိတ်ညစ်ရအောင်လာလုပ်ပြန်ပြီ။

ဂယူအဖေဆိုတဲ့အဲ့လူကိုသိပ်မုန်းပါတယ်။
မေမေနဲ့သူ့ကိုရက်ရက်စက်စက်ပစ်သွားခဲ့ပြီး
သူ့အချစ်ဦးဆိုတဲ့ အခြားယောက်ျားလေးတစ်ယောက်နောက်ကိုလိုက်သွားခဲ့တာ။

အဲ့အချိန်တွေတုန်းကမေမေ့မှာ ရှက်လွန်းလို့ပတ်ဝန်းကျင်ကပြောတဲ့စကားတွေအပြင်။
ဆွေမျိုးတွေရဲ့ရှုံ့ချမှုတွေကိုပါ ခံခဲ့ရတာ။
မေမေဟာထိုနာကျင်မှုတွေကြောင့် စိတ်ပင်ပန်းခဲ့ရပြီး
နှလုံးရောဂါပါရလာခဲ့တာဖြစ်တယ်။

ထိုအဖြစ်အပျက်တွေကိုပြန်တွေးမိတိုင်း
ဂယူထိုလူကိုစိတ်နာလွန်းလို့
ရူးမတတ်ပါပဲ။သားနဲ့ဇနီးကိုပစ်ပြီးအခြားယောက်ျား
တစ်ယောက်ဆီကို လိုက်သွားခဲ့တာ...
ဘယ်လောက်တောင်မှစိတ်ပျက်ဖို့ကောင်းလိုက်သလဲ။

ထို့ကြောင့်ဂယူယောက်ျားလေးနှစ်ယောက်
ချစ်တယ်ကြိုက်တယ်ဆိုတဲ့ အရာကို
ဘယ်လိုမှနားလည်မပေးနိုင်ပါ။သိပ်ကိုမုန်းပါ၏။

''သား ဖေဖေတို့အိမ်ကိုလိုက်ခဲ့ပါ ဒီ့ထပ်
ဖေဖေအစစအရာရာ ပိုကောင်းအောင်ထားနိုင်တယ်''

My StrawberryWhere stories live. Discover now