Unni
၈နှစ်ခန့်ကြာသော်~
အချိန်တွေကုန်တာ သိပ်ကိုမြန်ဆန်လွန်း၏။
တစ်ချိန်ကအမြဲတမ်းရန်ဖြစ်နေတတ်ပြီး
တစ်ယောက်ကိုယ်တစ်ယောက် အရမ်းစကြတဲ့
ကလေးနှစ်ယောက်ဟာလည်း အခုတော့။
အသက်၁၈နှစ်ပြည့်ပြီးသည့်တက္ကသိုလ်
ကျောင်းသားတွေပင်ဖြစ်လို့နေ၏။ဂယူနဲ့ရှန်ဟာသူငယ်ချင်းသက်တမ်းကြာလာတာ
တဲ့အမျှပို၍ရင်းနှီးလာပြီး ပို၍လည်းရန်ဖြစ်လာကြ၏။
ထိုသို့ရန်ဖြစ်တိုင်းလည်းဂယူဟာဦးစွာစိတ်ကောက်သွားတတ်ပြီး မှားမှားမှန်မှန်အမြဲပြန်ချော့ရသူကရှန်သည်သာ။အသက်နှစ်လငယ်သည်ဆိုတဲ့ အချက်ကိုသုံး၍
ဂယူဟာရှန့်အပေါ်တအားအနိုင်ယူတတ်ပါ၏။ထိုအနိုင်ယူမှုများကိုလည်း ရှန်ကကျေကျေနပ်နပ်ကြီးခံနေတော့ပို၍ဆိုး၏။
''ရှန်ချွမ်ရွေ့ အိမ်စာရေးပေး''
ရှန်အခန်းအတွင်းရှိ စာရေးစားပွဲပေါ်တွင်
ထိုင်ကာ။အိမ်စာတွေရေးနေတုန်း
မျောက်ကလေးတစ်ကောင် စာအုပ်တွေကိုင်ကာ
သူ့အခန်းထဲကိုရောက်လာ၏။''မရေးပေးနိုင်ဘူး အားအားယားယား''
''မင်းကလဲငါပင်ပန်းလို့ပါ''
''ဘာပင်ပန်းတာလဲ ဆေးကျောင်းက
မမတွေကိုသွားကြောင်နေပြီးတော့များ''ရှန်ထိုသို့ပြောမှ ဂယူ့မျက်နှာဟာရယ်ကျဲကျဲဖြစ်လာ၍။
''မဟုတ်ပါဘူးကွာ ဟန်ဘင်းကသူ့ရည်းစား
ဆရာဝန်လောင်းကိုသွားကြည့်တာ
ငါကအဖော်လိုက်ပေးရုံပါ..''''အေးအဲ့တာဆို မင်းအဖော်လိုက်ပေးခဲ့တဲ့သူကို
အိမ်စာသွားရေးခိုင်းလေ''ရှန်ထိုသို့ ခပ်ပြတ်ပြတ်ပြောကာ။
ကိုယ့်စာကိုယ်သာအာရုံစိုက်နေလိုက်၏။သူငယ်ချင်းဆက်ဆံရေးကြာလာတာနဲ့အမျှ
အသက်တွေပိုကြီးလာတာနဲ့အတူ။
ရှန်တဖြည်းဖြည်းသိလာရသည်က သူဂယူ့အပေါ်
ထားတဲ့ခံစားချက်တွေဟာ ပြောင်းလဲလာပြီ
ဆိုတာကိုပင်။ထိုအချင်းအရာကိုသတိထားမိသည်မှာ
အလယ်တန်းပထမနှစ်တွင်ဖြစ်ပါ၏။
ထိုနေ့ကဂယူအိပ်ရာထဲတွင် အိပ်ပျော်နေတုန်း
သူလည်းဘာရယ်မဟုတ်စချင်လာတာကြောင့်
ဂယူ့နှုတ်ခမ်းလေးကို သူ့မေမေရဲ့နှုတ်ခမ်းနီဘူးဖြင့်
အနည်းငယ်ဆေးခြယ်ပေးလိုက်မိ၏။