ep2

979 107 10
                                    

Unni

''အဲ့တော့မင်းနာမည်က ဂင်ဂယူဘင်းပေါ့''

''အင်း မင်းနာမည်ကလည်းရှန်ချွမ်ရွေ့နော်''

''အင်း ဟုတ်တယ်''

သူတို့နှစ်ယောက်ရဲ့အော်သံကသိပ်ကိုကျယ်သွားသည်
မို့ချွမ်ရွေ့ရဲ့မေမေဖြစ်သူဟာ အပေါ်ထပ်ကို
တက်လာကာချွမ်ရွေ့အား အဝတ်တွေလဲပေးလိုက်ပြီး
သူတို့နှစ်ယောက်ကိုကြည့်ကာလည်းပြုံးစိစိလုပ်သွား
သေးသည်။

နောက်တော့ချွမ်ရွေ့မေမေထားခဲ့တဲ့ အအေးခွက်လေး
နှစ်ခွက်ကိုဂယူအကြည့်ပို့မိတော့..။
တစ်ခွက်ကစတော်ဘယ်ရီ​ဖျော်ရည်ဖြစ်ပြီး
နောက်တစ်ခွက်ကဘလူးဘယ်ရီဖျော်ရည်ဖြစ်သည်။

ထိုအရာကိုမြင်တော့ဂယူနှခေါင်းရှုံ့လိုက်မိသည်။
သူမှဘလူးဘယ်ရီမကြိုက်ပဲ။

''ငါ စတော်ဘယ်ရီသောက်လိုက်မယ်''

''ဟမ် ငါလည်းစတော်ဘယ်ရီပဲကြိုက်တာ''

အကြိုက်တူနေသည်မို့ စတင်ရန်ဖြစ်ရတော့မယ်မှန်း
သိသွားကြကာ။စတော်ဘယ်ရီဖျော်ရည်ခွက်အား
အပြိုင်လုနေကြတော့သည်။

''ငါ့ဟာလို့ ရှန်ချွမ်ရွေ့ လွှတ်ပေး''

''မလွှတ်ဘူး ငါမွေးကထဲကစတော်ဘယ်ရီနဲ့သက်ဆိုင်
တာတွေပဲစားလာတာ ငါစတော်ဘယ်ရီဘယ်လောက်
ကြိုက်လဲလူတိုင်းသိတယ်။လွှတ်ပေးကွာ!''

အချိန်ခနကြာတဲ့အထိထိုဖျော်ရည်ခွက်လေးအား
သူတို့လုနေကြတုန်းပင်ဖြစ်တယ်။

ထိုအခါဂယူကလက်လျှော့လိုက်သည့်မျက်နှာလေး
အသွင်ပြောင်းသွားကာ။ဖျော်ရည်ခွက်လေးအား
လွှတ်ပေးလိုက်သည်။ ရုတ်တရက်ကြီးလက်လျှော့လိုက်တဲ့ဂယူ့ကိုချွမ်ရွေ့က ထူးဆန်းသလိုကြည့်လာ၏။

''မင်း အသက်ဘယ်လောက်လဲ''

ဂယူမှချွမ်ရွေ့အားမေးလိုက်ခြင်းဖြစ်တယ်။

''10နှစ်''

''ပြည့်ပြီးပြီလား''

''ပြီးပြီ''

''အေးငါကမပြည့်သေးဘူး နှစ်လလိုသေးတယ်
အဲ့တော့အငယ်ကိုဦးစားပေးလိုက် ပေးအဲ့တာ!''

My StrawberryWhere stories live. Discover now