Chapter 8.2 End

621 87 9
                                    

Chapter 8.2 End

လေထုသည် အချိန်အတိုင်းအတာတစ်ခုမျှ ကသိကအောက်ဖြစ်သွားလိုက်၏။ အနားမှာရှိတဲ့ အစိမ်းရောင်ဝတ်ဆင်ထားတဲ့ သခင်ရွှီ သည် ခေတ္တရပ်တန့်လိုက်ခဲ့ကာ ရှေ့သို့ ထွက်လာလိုက်ခဲ့သည်။ "ချန်းယွင် သွားကြမယ်လေ"

ကုချန်းယွင် က ဒါကို သဘောမပေါက်ဘဲ လေးကန်စွာ ပြုံးပြလိုက်ပြီး "ရွှီတု သူ့ကို ဒီအတိုင်းလွှတ်လိုက်လို့ မဖြစ်ဘူးလေ၊ သူက ကြင်စဦးတစ်ယောက်တောင် ဖြစ်နေပြီ၊ ဒါပေမယ့် သူ့ညီအစ်ကို‌ တော်တွေကိုတောင် နှုတ်ဆက်‌ေဖာ်မရဘူး။ ဒါက ဘယ်လို ကျင့်ဝတ်မျိုးလဲ"

ရွှီတု သည် ကုချန်းယွင်ကို စိုက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

သူ ကြည့်နေရင်းနဲ့ပင် ကုချန်းယွင်က ဟော်ဝူကျုံး ရဲ့ မေးစေ့ကို ဆွဲယူဖို့ကြိုးစားရန် သူ့လက်ကို ဆန့်တန်းနေခဲ့တယ်။

"သူက ချောတာပဲ၊ မင်းရဲ့ခေါင်းကို မော့ပြီး အစ်ကို့ကို ကြည့်ခွင့်ပေးပါဦးလား...."

သူ့အသံက ရုတ်တရက် တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားလိုက်၏။

ဟော်ဝူကျုံး က အောက်ကိုသာ ငုံ့ကြည့်‌ေနသော်လည်း သူ့နဖူးမှာ မျက်လုံးများ ရှိနေသည့်အတိုင်းပင်။ သတိမပေးပါဘဲ သူ့လက်ကို မြှောက်လိုက်ပြီး ကုချန်းယွင်ရဲ့ လက်ကောက်ဝတ်ကို တိတိကျကျ ဆုပ်ကိုင်လိုက်ပြီး သူ့လှုပ်ရှားမှုကို ရပ်တန့်လိုက်ခဲ့တယ်။

နောက်အခိုက်အတန့်တွင် လက်ကောက်ဝတ်အား အားထည့်ကာ ပြင်းပြင်းထန်ထန် လိမ်ချိုးပစ်လိုက်‌ တော့သည်။

သူ့အရိုးတွေကနေ ကျိုးပဲ့ကာ ကွဲအက်တဲ့ အသံတစ်ခု ပေါ်ထွက်လာလိုက်၏။

***

ကျန်းဆွေ့ကျောင်းသည် မူလကတော့ အလေးမထားချင်ခဲ့ပေ။

သူ့အပိုင်ဦးခေါင်းနှင့် အာမ ခံရဲတာကတော့ စစ်သူကြီးဟော်သည် မနာလိုစိတ်ကြောင့် ရန်ဖြစ်ခြင်းကို အစပြုသူ မဟုတ်နိုင်‌ပေ။ သူ့ကို အရင် ရန်စတဲ့သူက တစ်ဖက်ကသူပဲ သေချာပေါက် ဖြစ်ရမည်။ ဒီလိုဆိုလျှင် ဟော်ဝူကျုံး ကို ဘာလို့ နှောင့်ယှက်ရတာလဲ ထိုသူရဲ့ ရှုးရှုးမိုက်မိုက် ရန်စမှု‌ေကြာင့်ပဲလား။

ဒုက္ခိတစစ်နတ်ဘုရားက ကျွန်တော့် ကိုယ်လုပ်တော် ဖြစ်လာပြီးနောက်.. [UniCode Version]Where stories live. Discover now