Chapter 2 (Part -2 End)

1K 133 4
                                    

Chapter 2 (Part -2 End)

ဒါပေမယ့် သူ့ကို အံ့အားသင့်စေတာက သူ့ခေါ်သံကြားတော့ သူ့ဘေးက မိန်းမစိုးက မယုံကြည်နိုင်စွာနဲ့ သူ့ခေါင်းကိုမော့ပြီး သူ့အား ငေးကြောင်ကြောင် ကြည့်လိုက်ခဲ့တာပင်။

ကျန်းဆွေကျောင်း ၏နှလုံးက တဒုတ်ဒုတ် ခုန်မြည်လာခဲ့၏။

သူ့တုံ့ပြန်မှုအရဆို သူ့ကို ကျိန်းသေပေါက် မှားခေါ်မိတယ်ဆိုတာ သူသိလိုက်ပါပြီ။

ရှေးခေတ်အချိန်က တော်ဝင်မျိုးနွယ်တွေကို အမှုထမ်းတဲ့သူတွေဟာ အမြဲတမ်း သတိရှိကြပြီး ထက်ထက်မြက်မြက် ရှိကြပါတယ်။ သူရောက်လာတဲ့ အခိုက်အတန့်မှာပဲ ဒီလောက်ကြီးမားတဲ့ အလွဲအချော်ကြီးကို ကျူးလွန်မိလို့ သူ ကြောက်လန့်သွားလိုက်သည်..။

သို့သော်လည်း သူ့စိုးရိမ်မှုများကို အပြီးမသတ်နိုင်သေးခင်မှာပဲ မိန်းမစိုး၏ မျက်နှာပေါ်တွင် ဝမ်းသာဂုဏ်ယူနေတဲ့ အကြည့်တစ်ခု ပေါ်လာပြီး သူ နေရာမှာတင် ဘာလုပ်ရမှန်းမသိ ဖြစ်သွားလိုက်ခဲ့သည်။

"အရှင့်သား အမိန့်ပေးတော်မူပါဘုရား" သူ့မျက်လုံးများသည် ခွေးတစ်ကောင်က သူ့အမြီးကို လှုပ်ယမ်းကာ ပျော်ရွှင်မှုကို ထုတ်ဖော်ပြလိုက်သလိုမျိုး သူ့မျက်လုံးများက တောက်ပနေလိုက်သည်။ "အရှင်- အရှင်သားက ဒီကျွန်ကို မန်ချန်ရှန်းလို့ ခေါ်တုန်းပဲ..."

ကျန်းဆွေကျောင်း : "..."

ဟုတ်ပါပြီလေ... သူအတွေးလွန်သွားလိုက်တာပဲ။ ကျင်းဝမ်ရဲ့ ဒီကိုယ်ပိုင်အချွေအရံက အရမ်းထက်မြက်နေတဲ့ ပုံလည်း မပေါ်ပါဘူး။

သူ သူ့မျက်လုံးများကို လွှဲကာ နှုတ်ခမ်းပိတ်ကာ ညည်းလိုက်ပြီး အေးဆေးသောလေသံဖြင့် မေးလိုက်တယ် "သူမကို ကျင်းဝမ်အိမ်တော်ကို ခေါ်လာတာ ဘယ်လောက်ကြာပြီလဲ"

မန်ချန်ရှန်းသည် သူ့စကားထဲက စုံစမ်းလိုခြင်း တစ်စုံတစ်ရာကို မကြားလိုက်ပေ။ မင်းသားက မင်္ဂလာအချိန်ကို နှောင့်နှေးမည်ကို စိုးရိမ်သည်ဟု သူထင်လိုက်ပြီး "အရှင့်သား မစိုးရိမ်ပါနဲ့။ အမျိုးသမီးဟော် အခုလေးတင်မှ ရောက်တာပါ။ အရှင် အချိန်မီ ရောက်မှာပါ"

ဒုက္ခိတစစ်နတ်ဘုရားက ကျွန်တော့် ကိုယ်လုပ်တော် ဖြစ်လာပြီးနောက်.. [UniCode Version]Where stories live. Discover now