Chapter 43

526 75 5
                                    

Chapter 43

ကျန်းဆွေကျောင်းမှာ အရက်မူးနေပေမဲ့လည်း နာခံမှုရှိခဲ့သည်။ ဟော်ဝူကျုံး က သူ့ကို အိပ်ဖို့ပြောလိုက်တာနဲ့ နာခံမှုရှိစွာဖြင့် လဲလျောင်းလိုက်ပြီး ဟော်ဝူကျုံးအား သူ့အတွက် ကုတင်လိုက်ကာ‌
စ‌ေတွကို ချကာ အခန်းထဲက မီး‌ေတွကို ငြိမ်းသက်စေခဲ့သည်။

အိပ်ရာပေါ်မှာ လဲလျောင်းနေရင်းနဲ့ ကျန်းဆွေကျောင်းရဲ့ အတွေးတွေက ရှုပ်ထွေးပွေလီနေတုန်းပင်။ 'ဟော်ဝူကျုံးရဲ့ ခြေထောက်တွေသာ အခုချက်ချင်းသာ ပြန်ကောင်းသွားမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။'

'သူ့ကို ဖန်းရှောင်အား မြန်မြန်သတ်‌ေစပြီး သမိုင်းလမ်းကြောင်းကို ပြောင်းလဲစေလိုက်မယ် ဒီလိုဆို နောက်ပါလက်ကိုင်တုတ်တွေကလည်း စောစီးစွာ သေဆံုးသွား‌ေစလိမ့်မှာပဲ။

ဒီလိုစိတ်ထဲတွင် တွေးတော‌ေန၍ ကျန်းဆွေကျောင်းတစ်ယောက် မူးဝေစွာ အိပ်ပျော်သွား‌ေတာ့သည်။

အချိန်အတော်ကြာအောင် သူ အိပ်ပျော်သွားလိုက်ပြီး သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင်တော့ ကောင်းကင်ကြီးက ထိန်ထိန်လင်းနေပြီဖြစ်၏။

နေရောင်က ကျန်းဆွေကျောင်းရဲ့ မျက်နှာပေါ် ဖျာကျနေတာက သူ့အား မျက်စိမှေးကျသွားစေလိုက်သည်။ သူထထိုင်လိုက်တဲ့အချိန်တွင်‌ေတာ့ ခေါင်းကိုက်‌ေနပြီး မူးဝေသွားခဲ့သည်။

... ငါ မနေ့က အရက်‌ေတွ အများကြီးသောက်မိလိုက်တာပဲ။

အရက်ဆိုင်မှာရှိတုန်းအချိန်အား သူ ပြန်‌ တွေးတောလိုက်သည်။ ဆိုင်ကနေ သူ အပြင်ထွက်လိုက်ပြီး လေနုအေး‌ေတွအား သူ့အပေါ်တိုးဝင်‌ေစလိုက်တဲ့အချိန် သူ့အတွေးတွေက ရောထွေးနေခဲ့သည်။ ကျန်းဆွေကျောင်း ကုတင်ပေါ်ထိုင်ပြီး သူ့ ခေါင်းကို ပွတ်တိုက်လိုက်‌ေပမယ့် မနေ့က သူ ဘယ်လိုဘယ်ပုံနဲ့ အိမ်ပြန်ရောက်လာလဲဆိုတာ မမှတ်မိ‌ေတာ့‌ေချ။

ချက်ချင်းပင် မန်ချန်ရှန်းက ဝင်‌ေရာက်လာခဲ့သည်။

ကျန်းဆွေကျောင်း နိုးနေပြီးဖြစ်တာကိုမြင်လိုက်တော့ မန်ချန်ရှန်း က အရက်နာကျတာ သက်သာစေတဲ့ စွတ်ပြုတ်တစ်ခွက် ယူလာပေးဖို့ အ‌ေစခံတစ်ယောက်ကို အလျင်စလို အမိန့်ပေးလိုက်ရင်း နှုတ်ဆက်လိုက်သည်။

ဒုက္ခိတစစ်နတ်ဘုရားက ကျွန်တော့် ကိုယ်လုပ်တော် ဖြစ်လာပြီးနောက်.. [UniCode Version]Where stories live. Discover now