Chapter 5.2 End

836 101 6
                                    

 Chapter 5.2 End

သူ့ရှေ့တွင် ရပ်နေသူမှာ အသက် ၅၀ သို့မဟုတ် ၆၀ ၀န်းကျင်လောက်ရှိတဲ့ အမတ်အိုတစ်ဦးဖြစ်သည်။ သူ၏ တရားရုံးဝတ်စုံကို ကြည့်ခြင်းဖြင့် သူက ဒုတိယအဆင့်ဖြစ်ပြီး ကျန်းဆွေ့ကျောင်း ထက် ရာထူးတစ်ဆင့်လုံး ပိုမြင့်‌ေပသည်။

ကျန်းဆွေ့ကျောင်း ရောက်လာသည်ကိုမြင်လိုက်ချိန် အမတ်အိုကြီးက သူ့ခေါင်းကိုလှည့်ကာ နှုတ်ဆက်လိုက်သည်။

"အရှင်မင်းသားကျင်း ဒီနေ့ အစောကြီး ရောက်နေတာပဲ" သူက ပေါ့ပါးပါးပါးအပြုံးဖြင့် ပြောလိုက်သည်။

သူ လှည့်ကြည့်လိုက်ရင်းနဲ့ ကျန်းဆွေကျောင်း က သူ့ရဲ့တရားရုံးသစ်သားတံဆိပ်ပေါ်မှာ ရေးသားထားတဲ့စာကို ဖတ်ရှုလိုက်တယ်။

'သာသနာ‌ေရးရာ အမတ်ကြီး ကျီယုံ' သူက ကျန်းဆွေကျောင်း ၏ ချက်ချင်းလက်ငင်းသူဌေး ဖြစ်သွား‌ေတာ့သည်။

သူသည် ကြားနေသူဖြစ်ပြီး ခင်မင်ရင်းနှီးတတ်သူဖြစ်သောကြောင့် ဘုရင် မင်းသားကျင်းနှင့် မရင်းနှီးနိုင်ပေ။ ကျန်းဆွေ့ကျောင်းက ပြုံးကာ ပြန်တုံ့ပြန်လိုက်ပြီး ခေါင်းညိတ်၍  မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ဆက်လိုက်ခဲ့သည်။

ကျီယုံက ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာကို တွေ့လိုက်ရတယ်။ အနီးအနားမှာ ဘယ်သူမှ မရှိတဲ့အတွက် သူ အနားတိုးကပ်ပြောလိုက်သည်။  "အရှင်းသား မတရားခံခဲ့ရပြီပဲ။ သည်းသာ သည်းခံလိုက်ပါ ပြီးသွား‌ေတာ့မှာပါ"

ထိုသို့ပြောပြီးနောက် သူက ကျန်းဆွေ့ကျောင်း အား စိတ်ရင်းဖြင့် ခေါင်းညိတ်ပြပြီး ပတ်ဝန်းကျင်အား နောက်တစ်ကြိမ် လှည့်ပတ်ကြည့်လိုက်ခဲ့သည်။

ကျန်းဆွေ့ကျောင်း သည် သူ‌ေပြာတဲ့ အဓိပ္ပါယ်ကို နားမလည်တာကြောင့် တုံ့သာတုံ့ပြန်ပြီး သူနဲ့ စကားပြောခြင်းကို အဆုံးသတ်လိုက်ခဲ့သည်။

.....သို့ပေမဲ့လည်း မကြာမီမှာပဲ ကျီယုံ ရဲ့ ဆိုလိုရင်းကို သူ နားလည်သွားလိုက်တယ်။

အချိန်ကျရောက်လာချိန်မှာတော့ မနက်ခင်းနေရောင်ခြည်သည် ကျက်သရေရှိတဲ့ ရွှေ‌ေရာင် အုပ်ကြွတ်အမိုးပေါ်ကို ခုန်ဆင်းကာ ကျန်းယန်နန်းမ‌ေဆာင်အပြင်ဘက်တွင် ဗုံတီးသံများထွက်ပေါ်လာပြီး မိန်းမစိုးများက ကျယ်လောင်စွာ ဟစ်ကြွေးကြရင်း လိုက်ပါလာကြသည်။

ဒုက္ခိတစစ်နတ်ဘုရားက ကျွန်တော့် ကိုယ်လုပ်တော် ဖြစ်လာပြီးနောက်.. [UniCode Version]Where stories live. Discover now