Chapter 9.1

646 85 3
                                    

Chapter 9.1

ကျယ်ပြောလှတဲ့ ဥယျာဉ်ကြီး၏ နောက်တွင်က နန်း‌တော်၏ အနောက်ဘက်တွင်ဖြစ်သည်။  ခမ်းနားထည်ဝါတဲ့ အိမ်တော်များကို  ခြံဝင်းများအဖြစ် သီးသန့်ပိုင်းခြားထားကာ နန်းတော်၏ ကိုယ်လုပ်တော်များ နေထိုင်သည့်နေရာလည်းဖြစ်၏။

ကျင်းဝမ်၏ နေထိုင်ရာအိမ်တော်သည် မူလတုန်းကတော့ လင်အန်းထဲက ကျိကျိတက်ချမ်းသာပြီး သြဇာကြီးမားသူ‌ေတွ၏ အိမ်တော်တွေထဲက တစ်ခုဖြစ်သည်။  အိမ်‌တော်တစ်ခုလုံးသည် အလွန်ကြီးမားသော ဧရိယာကို သိမ်းပိုက်ထားပြီး အလွန်တန်ဖိုးကြီးပြီး ခမ်းနားကြီးကျယ်လှသည်။  တော်ဝင်နန်းတော်သည် တောင်ဘက်သို့ ပြောင်းပြေးသွားခဲ့ပြီး ကြေးရတတ်လူချမ်းသာတွေက တိုက်ခိုက်မှုကို
ဆွဲ‌ေဆာင်မိမှာကို ကြောက်ရွံ့တာကြောင့် သူတို့တွေပိုင်ဆိုင်မှုများစွာအား လက်လွှတ်ဆုံးရှုံးခံခဲ့လိုက်သည်။ သည်မိသားစုအိမ်‌တော်တွေကိုလည်း ငွေလင်ပန်းပေါ်တွင်တင်ကာ လွှဲပြောင်းပေးအပ်လိုက်ခဲ့သည်။

အဲဒီအချိန်ကနေစပြီးတော့ ဒီနေရာက ကျင်းဝမ်၏ နန်းဆောင်တော်ဖြစ်လာခဲ့တာပဲ ဖြစ်၏။

ကျင်းဝမ်သည် အမိုးတစ်ခုတည်းအောက်တွင် နေထိုင်ပြီး မျိုးဆက်ပေါင်းများစွာ ရှင်သန်ခဲ့တဲ့ အိမ်တော်မိသားစု‌ေတွက ထို‌ေကြးရတတ်လူချမ်းသာ‌ေတွလိုမျိုး မဟုတ်ခဲ့။  ကြီးမားသော စံအိမ်‌ေတာ်ကြီးသည် ကျေနပ်စရာမဟုတ်ခဲ့။  ထို့ကြောင့် အိမ်နောက်ခြံဝင်းထဲတွင် စံအိမ်‌ေတွများပြားစွာရှိသော်လည်း အများစုမှာ အလွတ်ဖြစ်နေခဲ့သည်။  စံအိမ်တော်များစွာက အချိန်အတော်ကြာပြီးနောက်  အလွတ်ဖြစ်နေပြီးတော့ ပိုင်ရှင်မဲ့ အဖြစ်ပဲ ဂရုမစိုက်ပဲ ပစ်ထားခြင်းခံခဲ့လိုက်ရသည်။

ညမိုးချုပ်လာသည်နှင့်အမျှ  ဟောင်းနွမ်းကာ ယိုယွင်းပျက်စီးနေသော ဝင်းခြံထောင့်အတွင်းတွင်တော့      ကျွင်းကျန်ရစ်တဲ့ မီးအိမ်အချို့ကို ထွန်းညှိထားခဲ့သည်။

အခန်းတံခါးက ကျွီခနဲမြည်ကာ ပွင့်ဟသွားလိုက်၏။

အ‌ေစခံသည် အစားအသောက်ထည့်သည့် ထမင်းဘူးပုံးတစ်ပုံးကို သယ်ဆောင်ကာ တံခါးခုံသို့        ဖြတ်‌ေကျာ်၍ ခြေလှမ်းကျဲကျဲနဲ့ ဝင်လာလိုက်သည်။  ပင်မအိမ်‌ေတာ်သည် ကျယ်ဝန်းခြင်းမရှိသည့်အပြင် အိမ်‌ တော်တွင်းရှိ ပစ္စည်းပစ္စယများကိုလည်း သန့်ရှင်း‌ေရးမပြုလုပ်ထားသည်မှာ အချိန်တော်ကြာမြင့်နေပြီဖြစ်သည်။  ဝင်ရောက်လာလိုက်ချိန် ဖုန်မှုန့်များသည် နေရာတိုင်းသို့ ပျံ့လွင့်သွားကာ ဝင်လာသည့်လူကို အသက်ရှူကျပ်သွားစေသည်။

ဒုက္ခိတစစ်နတ်ဘုရားက ကျွန်တော့် ကိုယ်လုပ်တော် ဖြစ်လာပြီးနောက်.. [UniCode Version]Donde viven las historias. Descúbrelo ahora