ep1

1.6K 116 19
                                    

Unni

''ဂင်ဂယူဘင်း ငါစိတ်ညစ်ပါတယ်ဟယ်
အဲ့ဂိမ်းတွေကြီးမဆော့စမ်းနဲ့နင့်အသက်10နှစ်တောင်
မပြည့်သေးဘူး''

''နှစ်လပဲလိုတော့တာပါ''

''ဘာပြောတယ် ဒီကောင်လေးတော့!''

ဒီလိုပါပဲ အမေတစ်ခုသားတစ်ခုဘဝဆိုပေမဲ့
မေမေကသူ့ကိုတော့တော်တော်လေးချစ်ရှာပါတယ်။
တစ်ခါတစ်လေသူ ဂိမ်းကြီးပဲဆော့နေရင်တော့
ဆူတာပေါ့..။

''သွား အဲ့ဖုန်းချပြီးခြံထဲသွားဆော့နေ''

ဂယူမေမေ့စကားကိုနားမထောင်ချင်ပေမဲ့
မေမေ့ကိုစိတ်မကောင်းမဖြစ်စေချင်သည်မို့။
လက်ထဲကဖုန်းကိုပိတ်လိုက်ပြီးTv ခုံပေါ်သို့သွားတင်
လိုက်သည်။ပြီးတာနဲ့ခြံထဲကို ထွက်လာခဲ့ပြီးဟိုကြည့်
ဒီကြည့်လုပ်နေခဲ့တယ်။

ထိုအချိန်လူမနေတာကြာပြီဖြစ်တဲ့ဘေးအိမ်ကို
မိသားစုတစ်စုပြောင်းလာတယ်ထင်၏။ အိမ်ကဆောက်လုပ်ရေးတွေပြန်လည်လုပ်နေပြီး
အခုချိန်မှာတော့လက်စသတ်ခါနီးနေပြီဖြစ်တယ်။
ပြောင်းလာတဲ့မိသားစုမှာသူနဲ့အသက်တူတဲ့
ရွယ်တူမိန်းကလေးတစ်ယောက်ပါလာရင်
ကောင်းမယ်ဟုဂယူအမြဲတွေးမိသည်။

ကိုယ့်အတွေးနဲ့ကိုယ်တော့ဟုတ်နေသည်လေ။

ထိုအချိန်ဂယူနောက်ကျောဘက်ကမလုံ။
တစ်ယောက်ယောက်စိုက်ကြည့်နေသလိုခံစားရသည်မို့
အနောက်ဘက်သို့လှည့်ကြည့်လိုက်တော့။

သူ့အားမျက်လုံးဝိုင်းဝိုင်းလေးများဖြင့်စိုက်ကြည့်နေတဲ့ကောင်လေးတစ်ယောက်။ သူနဲ့ရွယ်တူလောက်ပဲဖြစ်မယ်ထင်ပါရဲ့ ဒါပေမဲ့အဲ့ကလေးကသူ့ထပ်
အရပ်နည်းနည်းတော့ပိုရှည်မယ်ထင်၏။
ပြီးတော့ဆံပင်တွေကိုလဲအနီရောင်ဆိုးထားသေးသည်။

ဂယူ့စိတ်ထဲအနည်းငယ်တော့အမြင်ကတ်သွားတာပေါ့။
သူ့ကိုဆိုမေမေကဘာမှမလုပ်ခိုင်း ဆံပင်အရောင်ဆိုးချင်တယ်ဟုမေမေ့ကိုတစ်ခါပြောတော့။
မေမေကကလေးပဲရှိသေးတာဘာတွေပြောနေတာလဲ
ဟုပင်ပြန်၍ဆူလိုက်သေးသည်။

ဂယူစိတ်ကပိုပို၍မကြည်ဖြစ်လာတော့
မိမိအားစိုက်ကြည့်နေတဲ့ထိုကောင်လေးအား။

My StrawberryWhere stories live. Discover now