1

3.3K 190 6
                                    

"တွေ့ရတာ၀မ်းသာပါတယ်'

မှောက်မိုက်တဲ့ညဘက်ခင်း၀ယ်
ကမ်းစပ်တစ်ခုနားမှာ တောင့်တောင့်ဖြောင့်ဖြောင့်
လူအုပ်စုနှစ်စု.......။

"တွေ့ရတာ၀မ်းသာပါတယ်တွေ ဘာတွေ
မိတ်ဆက်ဖို့လာတာမဟုတ်ဘူး
ဆေးတွေပေး'

တစ်ဖက်က အမေရိကန်လူမျိုးကို
ခပ်ပြတ်ပြတ်သာပြောပြီး တောင်းလိုက်သည်။

"ဟေ့ရောင်တွေ ပေးလိုက်'

သူ့ရှေ့လာချတဲ့ဗူးကြီးကြီးတွေကို
ထယ်ယောင်း သူ့လူတွေကိုစစ်ခိုင်းလိုက်သည်။

"အကုန်ပြည့်ပါတယ်သူဌေး'

"အင်း ဟုတ်ပြီ'

ထယ်ယောင်း ‌တစ်ဖက်ကအမေရိကန်လူမျိုးထဲကခေါင်းဆောင်ဆိုသူကို ငွေထုတ်ပစ်ပေးလိုက်ပြီး လက်ဆွဲနှုတ်ဆက်ဖို့လက်ပြင်လိုက်တော့
တစ်ဖက်ကထိုခေါင်းဆောင်ကမျက်ခုံးမြင့်တက်
သွားသည်။

ခုနကတွေ့ရတာ၀မ်းသာပါတယ်အပြောမခံတာ
သူမဟုတ်သလိုပဲ။

ကင်မ်ထယ်ယောင်းက မူးယစ်ဆေးတွေကို
နိုင်ငံခြားကနေမှောင်ခိုပြီး ဒီကနာမည်ကြီးတွေ၊
သူဌေးတွေမဟုတ်ရင် သူတို့သားသမီးတွေကို
ဖောက်သည်ပြန်ချသည်။

ဒီအလုပ်ကိုသတိနဲ့ထားလုပ်ရလားဆို
အနည်းငယ်သာပါပဲ။ရဲတွေကိုလည်း
ထယ်ယောင်းမကြောက်ပေ သူ့နောက်မှာ
ကာကွယ်ပေးမယ့်သူ့ရည်းစားတစ်ယောက်လုံး
ရှိနေတာကြောင့်ပင်။

ကိစ္စအကုန်ပြီးတော့ ထယ်ယောင်း
မူးယစ်ဆေးတွေပါတဲ့ထိုဗူးတွေကို ဖောက်သည်
တွေဆီသေချာဂရုတစိုက်မှာမို့သူ့လူတွေကို
အမိန့်ပေးပြီး နေရာတစ်ခုဆီသို့
ဆက်လာခဲ့သည်။

_________________________________________

"သခင်လေး အိမ်ထဲမှာသူဌေးစောင့်နေပါတယ်'

အိမ်တော်တစ်ခုသို့ထယ်ယောင်း
ရောက်လာသည်။ အိမ်ထဲ၀င်တာနဲ့
ဧည့်ခန်းမှာ သူ့ချစ်သူဂျွန်ဂျောင်ကုက
စာရင်းတွေနဲ့ထပ်ရှုပ်နေပြန်သည်။

"ထယ် လာလေ'

သူလာတာတွေ့တာနဲ့ဂျောင်ကုက
စာရင်းတွေအကုန်ဘေးပို့လိုက်ကာ
ခေါ်တော့ ထယ်ယောင်းပေါင်ပေါ်
ထိုင်လိုက်သည်။

𝖪𝗂𝗅𝗅 𝖡𝗂𝗅𝗅Место, где живут истории. Откройте их для себя