Ch-19

2.8K 204 23
                                    

" ဒီအိမ်ဆိုတာသေချာလား "

" စာအိတ်ပေါ်ကလိပ်စာကတော့ ဒီအိမ်ပဲ "

" ပတ်၀န်းကျင်မှာမျက်လုံးပေါင်းတစ်ထောင်ရှိတယ် ဆယ်မိနစ်အတွင်းကားထဲပြန်၀င်လာခဲ့ကြားလား "

" ဟုတ် "

" သွားတော့ "

Virgoမေးငေါ့ပြကာသွားခွင့်ပေးလိုက်သည်နှင့် သောင်းစန့်ဦးထုပ်အဖြူကိုခပ်စိုက်စိုက်ဆောင်းကာ ထွဋ်မောင်ခြံရှေ့သို့ဦးတည်သွားလိုက်သည်။ Virgoကတော့ ကားထဲတွင်သာသူ့အားစောင့်ကြည့်နေ၏။

" ဒီမှာခင်ဗျ "

ခြံတံခါးအနားတံမြတ်စည်းလှည်းနေတဲ့ဦးငယ်အား သောင်းစန့်လှမ်းခေါ်ကာ လက်လှမ်းပြလိုက်သည်။

" ဘာကိစ္စများရှိလို့လဲကွဲ့ "

" ဒီအိမ်မှာ ရောင်နီစံဆိုတဲ့ကောင်လေးအလုပ်လုပ်တာလားဗျ "

" ဟုတ်ပါတယ် မောင်ရင်ကဘယ်သူလဲ "

" ကျွန်တော်ရောင်နီနဲ့ခဏလောက်တွေ့ချင်လို့ပါဦးလေး သောင်းလို့ပြောလိုက်ရင်သူသိပါလိမ့်မယ် "

" ဘယ်သူနဲ့စကားပြောနေတာလဲဦးငယ် "

ခြံထဲသို့ဆင်းလာကာ လာရောက်စူးစမ်းနေတဲ့ထွဋ်မောင်အား သောင်းစန့်သေချာအကဲခတ်လိုက်၏။ လူကြီးလူကောင်းဆန်စွာ၀တ်ဆင်ထားပြီး အရှိန်အ၀ါတစ်ခုကရှိနေတာကြောင့် ထိုလူကရောင်နီပြောခဲ့သော အလုပ်ရှင်သာဖြစ်လိမ့်မည်။

" ရောင်နီနဲ့တွေ့ချင်လို့ဆိုပြီး လာပြောနေလို့ပါဆရာ "

ထွဋ်မောင်ရဲ့မျက်ခုံးတွေမှာအနည်းငယ်တွန့်ကွေးသွားပြီး ခြံပြင်သို့ထွက်သွားလိုက်၏။ မည်သူမည်၀ါမှန်းသူသေချာမသိသော်လည်း ရောင်နီနဲ့သက်တူရွယ်တူသာရှိသေးတာကြောင့် ဦးထုပ်အောက်မှမျက်၀န်းတွေအား ထွဋ်မောင်လှမ်းအကဲခတ်လိုက်၏။ သောင်းစန့်ရဲ့မျက်၀န်းတွေမှာ သူ့အားအလိုမကျစွာစိုက်ကြည့်နေပြီး လက်သီးကိုလည်းကျစ်ကျစ်ပါအောင်ဆုပ်ထား၏။

" မင်းကဘယ်သူလဲ "

" ခင်ဗျားက ရောင်နီကိုပိုက်ဆံနဲ့သိမ်းပိုက်ထားတဲ့သူလား "

The Villain In Someone's Story(Completed) Where stories live. Discover now