Ch-1

21.9K 623 52
                                    

မပြောဖြစ်ခဲ့သော ဒဏ်ရာလှလှလေးများ
( From HHHM)

မပြောဖြစ်ခဲ့သော ဒဏ်ရာလှလှလေးများ( From HHHM)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

********

အပိုင်း ( ၁ )
အိမ်မက်များနှင့်ငါတို့နှစ်ယောက်

" အသားရယ်၀င်း အပြုံးရယ်လှ
အချစ်ရယ်ထူး မချစ်ရင်ရူး
ဆွေးညို့ကာပြောလိုက်ချင်သည်
အမေမုန့်ဖိုးပေး "

လက်ဖြန့်ကာ မုန့်ဖိုးတောင်းလာတဲ့သားတော်မောင်ကြောင့် ဒေါ်အေးပွင့်ရဲ့မျက်နှာမှာ မချိုမချဥ်ခပ်ရွဲ့ရွဲ့ပြုံးပြီး တစ်ထောင်တန်ငါးရွက်ကို သောင်းစန့်လက်ထဲသို့ထည့်ပေးလိုက်သည်

" နင် တနေ့တနေ့အဲ့မုန့်ဖိုးတွေကိုဘာတွေလုပ်ပစ်နေတာလဲသောင်းစန့် "

" ရှူး....အမေကလဲတိုးတိုးပြောပါအုံး ဦးစန့်သောင်းကြီးကြားသွားမှဖြင့် ကျွန်တော့်ကိုဆူနေအုံးမယ် "

" အပိုတွေလုပ်မနေနဲ့ နင့်အဖေကအပြင်ထွက်သွားတာပြန်မလာသေးဘူး "

" ပြောလို့မရဘူးလေ တစ်ခါတစ်လေဆိုဦးစန့်သောင်းက ဘယ်ကနေဘယ်လိုပေါ်လာမှန်းမသိဘူး ကျွန်တော့်ကိုဆူဖို့ပဲချောင်းနေတာ "

" နင်ကဆိုးတာကို သောင်းစန့်ရဲ့ "

" ဆိုးသွမ်းတဲ့သောင်းစန့်ကို ဦးစန့်သောင်းရဲ့လေးခွလည်းလိမ္မာအောင်မဆုံးမနိုင်ပါဘူး အမေ့သားရဲ့နှလုံးသားလေးက အချစ်နဲ့တွေ့မှလိမ္မာမှာ အဟစ်ဟစ် "

" ဘာ နင်ရည်းစားရနေပြီလားသောင်းစန့်!! နင့်အဖေသိရင်နင့်ကို ကတုံးတုံးမယ်လို့ပြောထားတယ်နော် "

" မရှိသေးပါဘူးအမေရယ် ကျွန်တော်ကအောင်မြင်တဲ့အဆိုတော်ကြီးလုပ်အုံးမှာ "

The Villain In Someone's Story(Completed) Where stories live. Discover now