Ch-6

2.8K 221 25
                                    

မပြောဖြစ်ခဲ့သော ဒဏ်ရာလှလှလေးများ
(From HHHM)

မပြောဖြစ်ခဲ့သော ဒဏ်ရာလှလှလေးများ (From HHHM)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

******
အပိုင်း(၆)


" မောင်လွင် "

" ဗျာ "

" ဒီကိုလာပါအုံး "

" ဟုတ်ကဲ့ '

ဆိုဖာပေါ်ခြေချိတ်ထိုင်ရင်း စာဖတ်နေတဲ့ထွဋ်မောင်အနား လွင်ခန့်ဦးတည်သွားကာ မလှုပ်မယှက်လေးမတ်တပ်ရပ်နေလိုက်သည်။

" ဦးငယ်ပြောတာ မင်းရဲ့အဖေကဒီအပတ်အတွင်း ကျောက်ကပ်ဆေးရမယ်ဆို? "

" ဟုတ်ကဲ့ဆရာ "

" ငါ့အသိဆရာ၀န်တစ်ယောက်နဲ့ချိတ်ပေးပြီးပြီမို့ အားတဲ့တစ်နေ့ကျ မင်းအဖေကိုခေါ်သွားလိုက်နော် ဖုန်းနံပါတ်ပေးထားမယ် "

မမျှော်လင့်ထားတဲ့အရာကြောင့် လွင်ခန့်စိတ်ထဲ၀မ်းသာသွားရသည်။ ထွဋ်မောင်က တစ်ယောက်ထဲနေတတ်တာများပေမဲ့ သူတို့အပေါ်တော့အတော်လေးဂရုစိုက်ပေးရှာသည်။ မိသားစုကိစ္စတွေကအစ ကူညီပေးတတ်တာမို့ ဦးငယ်နဲ့လွင်ခန့်က ထွဋ်မောင်ရဲ့စကားကိုသာအမြဲနားထောင်လေ့ရှိသည်။

" ဆရာ့ကျေးဇူးတွေ ကျွန်တော်တို့အပေါ်ကိုအရမ်းများနေပါပြီ ကျွန်တော်ဆရာ့ကို ကန်တော့လို့ရမလားဟင် "

ကန်တော့ဖို့ ဒူးတစ်ဖက်ထောက်လိုက်တော့ ထွဋ်မောင်ကသူ့အားပြန်ဆွဲထူကာ မျက်မှောင်ကြုတ်ပြီးစိုက်ကြည့်လာသည်။

" လုပ်သင့်လုပ်ထိုက်တဲ့အရာမို့ ကူညီပေးလိုက်တာမောင်လွင်။အဲ့အတွက် ငါ့အပေါ်ကျေးဇူးတင်တဲ့စိတ်ကြီးနဲ့အမြဲမရှင်သန်သွားနဲ့ ချည်နှောင်ထားတဲ့စိတ်တွေကို ငါမကြိုက်တာသိတယ်မလား"

The Villain In Someone's Story(Completed) Where stories live. Discover now