Ch-7

2.8K 227 21
                                    

မပြောဖြစ်ခဲ့သောဒဏ်ရာလှလှလေးများ
(HHHM)

မပြောဖြစ်ခဲ့သောဒဏ်ရာလှလှလေးများ(HHHM)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

******
အပိုင်း(၇)

" ဟင် ဆရာ "

" မင်းငိုထားတာလား ရောင်နီ "

အနည်းငယ်ဖောင်းအစ်နေတဲ့မျက်အိမ်တွေကြောင့် ရောင်နီခေါင်းငုံ့ကာ အမြန်တိမ်းရှောင်လိုက်သည်။ မျက်နှာကိုရှင်းလင်းစွာမမြင်ရတာတောင်မှ ထွဋ်မောင်ကသူ့ပါးပြင်ပေါ်မှ မျက်ရည်အချို့ကိုမြင်လိုက်တာဖြစ်သည်။

" ရောင်နီစံ ငါမေးနေတယ်လေ "

" ဟုတ် "

" ဘာလို့ငိုတာလဲ "

ထိုမေးခွန်းအတွက် သူနှုတ်ဆိတ်နေမိသည်။ အမှန်အတိုင်းဖွင့်ပြောလိုက်ရင်တောင် ထွဋ်မောင်ထံမှအမြင်မကြည်ခြင်းတွေသာ ပိုတိုးလာမှာမို့ ထိုနေရာမှအမြန်ရှောင်ထွက်ချင်တော့သည်။

" ရောင်နီစံ ! "

" ဗျာ "

" ဘာလို့ငိုနေလဲလို့ငါမေးနေတယ်လေ "

" အိမ်...အိမ်ကိုဖုန်းခေါ်ချင်လို့ပါ '

" အိမ်ကိုလွမ်းလို့လား "

" ဟုတ် "

" လွမ်းရင် ဖုန်းဆက်ပေါ့ "

" ကျွန်တော့်မှာဖုန်းမရှိသေးလို့ပါ "

" အဲ့တာဆိုလဲ ဖုန်းရှိတဲ့အခါဆက်ပေါ့ "

၀မ်းနည်းနေတဲ့စိတ်တွေပင် ကြက်ပျောက်ငှက်ပျောက်လွင့်ထွက်သွားတော့သည်။ ထွဋ်မောင်က သူ့အားဤပုံစံဖြင့် အမြဲစကားနိုင်ထိုးနေတာဖြစ်သည်။

" ကျွန်တော်တကယ်ငိုချင်နေတာပါဆရာရယ် မနောက်ပါနဲ့ "

" ငါ့ပုံစံက နောက်နေတဲ့ပုံစံပေါက်နေလို့လား "

The Villain In Someone's Story(Completed) Where stories live. Discover now