Ch-14

2.4K 182 16
                                    

တစ်ပတ်ဆိုသောအချိန်ကာလအတွင်း ရောင်နီအတွက်အပြောင်းအလဲများစွာဖြင့်ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ သိပ်တော်တဲ့အချစ်ဦးလေးက နောက်ဆုံးလူရွေးပွဲကိုအောင်မြင်သွားပြီဖြစ်သလို တင်းကျပ်လှသောကုမ္ပဏီရဲ့စည်းကမ်းတွေကြောင့် ဖုန်းတောင်မပြောဖြစ်ကြပေ။ သူ့အားအမြဲဆူနေတတ်သည့် ထက်ထင်ထွဋ်မောင်ဟာလည်း အိမ်ကိုပြန်မလာတာငါးရက်ရှိပြီဖြစ်သည်။ အိမ်မှာရှိခဲ့တဲ့နှစ်ရက်အတွင်း ပို့နေကျဖြစ်သောပေါင်မုန့်နဲ့နွားနို့ကိုတောင် မောင်လွင်ကနေတစ်ဆင့်သာ လူကြုံပို့ခိုင်းသည်။ ထွဋ်မောင်အားသူငြင်းပယ်လိုက်သည့်အချိန်မှစ၍ ဆရာကသူ့အားအကြည့်ချင်းမဆုံတော့ပေ။
.
.
.
.
.
" နင်ဒီလိုပဲအပြင်မှာနေတော့မှာလား အိမ်မပြန်ဘူးလားထွဋ်မောင် "

" ငါရောင်နီနဲ့မျက်နှာချင်းမဆိုင်ရဲဘူးစန္ဒီ "

တင်းမာတယ်ဟုထင်ရပေမယ့် ထွဋ်မောင်ကအရှက်အကြောက်ကြီးကာ ခံစားလွယ်သည်။ ယခုလဲရောင်နီရှေ့တွင် မျက်နှာမပြရဲလို့အိမ်ကိုမပြန်တော့ပေ။

" နင်ကစချစ်တဲ့သူပါထွဋ်မောင်ရယ် အခုလိုမျိုးသတ္တိမရှိရင်ရောင်နီက နင့်ကိုဘယ်လိုများစိတ်၀င်စားပါ့မလဲ "

" ရောင်နီကငါ့ကိုမှမချစ်တာ "

" ဘယ်သူကတော့ အခုချက်ချင်းဖွင့်ပြောအခုချက်ချင်းပြန်ချစ်ပါ့မလဲဟယ် နင်ကကြိုးစားရမှာပေါ့ "

" မသိဘူး ငါသူ့ရှေ့ရောက်ရင်ဘာပြောရမှန်းမသိတော့ဘူး "

" ပုံမှန်ပြုမူနေကျအတိုင်းပဲ နင်သူ့ကိုဆက်ဆံလိုက် ဒါပေမယ့်မသိမသာလေးသူ့အပေါ်ဂရုစိုက်တတ်တဲ့ပုံလေးကိုပြသပေး စကားပြောရင်လဲနူးနူးညံ့ညံ့လေးပြောပေါ့ "

" ဟူးး "

ထွဋ်မောင်က စိတ်ပျက်လက်ပျက်အနေအထားဖြင့် ဆိုဖာပေါ်ခေါင်းလှန်ချကာ နဖူးပေါ်လက်တင်လိုက်သည်။

" မနက်ဖြန်ကျရင် ဟင်းချက်Programလေးတစ်ခုအတွက် ငါ့အိမ်မှာရိုက်ကူးရေးလေးတစ်ခုရိုက်ဖို့ရှိတယ် "

" အဲ့တာဆိုနင်အိမ်ပြန်ရမှာပေါ့ "

" အင်း "

The Villain In Someone's Story(Completed) Where stories live. Discover now