Vol 3 [ 11 ]

3K 97 1
                                    

[မနေ့ကထက်ပိုချစ်တယ်]

>>>>> သုံးနှစ်ကြာပြီးနောက် <<<<<

" တူး တူး တူး "

အစည်းအဝေးအခန်းတစ်ခုထဲတွင် ယခုလက်ရှိ မာန်ဆောက်လုပ်ရေးကတာဝန်ယူဆောက်လုပ်ရမည် ကျောင်းဆောင်အသစ်တစ်ခုအတွက် ဆွေးနွေးတိုင်ပင်မှု့များပြုလုပ်လျက်ရှိနေစဉ် ဖုန်းထမြည်လာသံကြောင့် မာန်ကြည့်လိုက်တော့ သားခဆီကဖြစ်နေပြီး သားကလဲ သူ့ကိုလှမ်းကြည့်လာ၍ ဖုန်းကိုင်ခွင့်တောင်းသလို ကြည့်လာတော့ မာန်ခေါင်းအသာညိတ်ပြလိုက်သည်။

ဒယ်ဒီဆီကခွင့်ပြုချက်ရတာနဲ့အသံမြည်နေတဲ့ဖုန်းကို ခခကောက်ကိုင်လိုက်စဉ်မှာပဲတစ်ဖက်ကအသံသည်။

" ယောကျ်ားရေ ... အင့် အဟင့် "

" ရောင်လေး ဘာဖြစ်လို့လဲ ဘာဖြစ်တာလဲ "

ခခတစ်ယောက်အစည်းအဝေးခန်းထဲမှာမလို့ အသံခပ်တိုးတိုးပြောဖို့ ပြင်စဉ်ထားပေမဲ့ တစ်ဖက်ကရောင်လေးရဲ့ငိုသံကြောင့် လူကထိုင်နေရာက ဝုန်းခနဲထရပ်လိုက်မိ၍ အလွန်စိုးရိမ်နေတဲ့အသံကကျယ်သွားတော့ ဒယ်ဒီနဲ့တခြားသောလူတွေရဲ့ အကြည့်ကလဲခခဆီမှာရောက်လာကြသည်။

" အခု အမြန်ပြန်လာခဲ့တော့ အဟင့် ဟင့် "

" ရောင်လေး ဘာဖြစ်လို့လဲကွာ ကိုယ်အခုပြန်လာပြီ ဘာဖြစ်တာလဲ အရင်ပြောဦး "

တစ်ဖက်ဖုန်းထဲကနေကြားနေရတဲ့သား‌ရဲ့ငိုသံကိုရော ရောင်လေးရဲ့ငိုရှိုက်သံကိုရော ကြားနေရတော့ ခခစိတ်ပူနေပြီဖြစ်သည်။

" သားက အရမ်းငိုနေတာ ကျွန်တော်မချော့တတ်တော့ဘူး !"

တစ်ဖက်ကငိုသံတွေနဲ့ပြောနေတဲ့ ရောင်လေးကြောင့် ခခဒယ်ဒီကိုလှမ်းကြည့်လိုက်မိ၏ ထိုအကြည့်ထဲတွင်တော့ အိမ်ပြန်ခွင့်တောင်းမှုများပါဝင်နေသည်။

ဒီတစ်ကြိမ်လဲ ဒယ်ဒီဆီကခေါင်းညိတ်ပြလာ၍ ခခကိုအိမ်ပြန်ခွင့်ပြုပေးလာသည်။

" ကျေးဇူးပါ ဒယ်ဒီ'အားလုံးပဲ ကျွန်တော်ကို ခွင့်ပြုပေးကြပါဦး ခင်ဗျာ "

အစည်းအဝေးခန်းထဲရှိ ဒယ်ဒီနဲ့တခြားသောလူများကိုယဉ်ကျေးစွာနှုတ်ဆက်ပြီး ခခလည်းအိမ်သို့အမြန်ပြန်လာခဲ့လိုက်တော့သည်။ ရောင်လေးနဲ့သူရဲ့အိမ်ထောင်သက်တန်းသုံးနှစ်ရှိပြီဖြစ်သလို ခရောင်ခ ဆိုတဲ့တစ်နှစ်ကျော်သားလေးတစ်ဦးကိုလဲ ပိုင်ဆိုင်ထားပြီဖြစ်သည်။

[ မနေ့ကထက်ပိုချစ်တယ် ] Completed Where stories live. Discover now