Vol 3 [ 4 ]

2.9K 134 2
                                    

[မနေ့ကထက်ပိုချစ်တယ်]

" ကြေးပြော "

ဆိုင်ကယ်ပေါ်ခွထိုင်၍ လက်အိတ်အနက်ရောင်ကို လက်ချောင်းဖြူသွယ်သွယ်လေးတွေလျှိုဝတ်လိုက်ပြီးမေးလာတဲ့ ရောင်လေးပုံစံကလုံးဝအလွင်မိမိုက်နေသည်။

" ကြေးကတစ်ယောက်တစ်ပုံး အားလုံးငါ့တို့ဆယ်ယောက်စုစုပေါင်းဆယ်ပုံး ဒုတိယဆိုတာမရှိဘူးပထမပန်းတိုင်အရင်ဝင်သူအနိုင်ပဲ "

" Ok "

တစ်ဖက်အသင်းကအပြောကိုရောင်လေးလက်ခံလိုက်၍ သူ့ဘောင်းဘီအိတ်ထဲကစုထားသမျှမုန့်ဖိုးလေးကိုထုတ်ကြည့်လိုက်တော့ တစ်သိန်းနဲ့တစ်ထောင်တိတိရှိနေသည်။

တစ်ထောင်ကိုဖယ်လိုက်ပြီးဘောင်းဘီအိတ်ထဲဖြစ်သလိုပြန်ထိုးထည့်လိုက်ကာ ဒိုင်းလုပ်သူမိန်းမချောလေးလက်ထဲကိုငွေတစ်သိန်းထည့်ပေးလိုက်ပြီးမျက်စိတစ်ဖက်မှိတ်ပြလိုက်တော့ ထို့မိန်းကလေးကလှပတဲ့အပြုံးလေးနဲ့ရောင်လေးပါးတစ်ဖက်ကို အနမ်းတစ်ပွင့်ချွေလာသည်။

" ပြိုင်ပွဲမှာအနိုင်ရပါစေ "

" အဟေးးး မိုက်တယ်ကွာ "

ထိုမြင်ကွင်းကိုကြည့်ပြီး ရောင်လေးသူငယ်ချင်းတွေကအားရဝမ်းသာပြောလာတော့ ရောင်လေး နှုတ်ခမ်းတစ်ချက်တွန့်ယုံသာပြုံးလိုက်၍။

" စလိုက်ကြရအောင် "

ရောင်လေးအပြောကြောင့် အားလုံးကသူ့ဆိုင်ကယ်ကိုယ်ဆိုင်ကယ်ပေါ်နေရာယူလိုက်ပြီး ပြိုင်ပွဲဝင်ရန်အသင့်အနေထားပြင်လိုက်ကြသည်။

စုစုပေါင်းပြိုင်ပွဲဝင်သူကဆယ်ဦးဖြစ်ပြီးအသင်းကနှစ်သင်းဖြစ်သည်။ ရောင်လေးတို့အသင်းကငါးယောက်ဟိုဘက်အသင်းကငါးယောက်ဖြစ်ပြီး ပြိုင်ပွဲအနိုင်ရရှိအနေနဲ့ကတော့ ဒုတိယဆိုတာမရှိပထမဆုံးဆယ်ဦးထဲကပန်းဝင်သူတစ်ဦးကသာ အနိုင်ရရှိပြီးလောင်းကြေးငွေဆယ်သိန်းကိုရရှိမှာဖြစ်သည်။

ဆိုင်ကယ်စီးဦးထုပ်ကိုသေချာစွာစောင်းလိုက်၍ လက်တွေကဆိုင်ကယ်လက်ကိုင်ကိုကိုင်ထားပြီး စက်ကိုအသင့်နှိုးဂီယာနံပါတ်ဝမ်းကိုလဲနောက်ပြန်နင်း၍ ထည့်ထားလိုက်သည်။

[ မနေ့ကထက်ပိုချစ်တယ် ] Completed Where stories live. Discover now