Vol 3 [ 8 ]

2.9K 120 0
                                    

[မနေ့ကထက်ပိုချစ်တယ်]

ရောင်လေးနဲ့ကိုကိုခနဲ့ Dinner ပွဲမှာပြဿနာဖြစ်ခဲ့ပြီး နောက်ထပ်မဆုံတွေ့ဖြစ်ခဲ့တာ အခုဆိုဆယ်ရက်ကြာခဲ့ပြီဖြစ်သည်။

" ဖေဖေ ၊ ဒယ်ဒီ ကော်ဖီရပါပြီ "

ကော်ဖီနှစ်ခွက်ကိုဘယ်ညာကိုင်၍ ဝန်ထမ်းကပ်ပြားလေးလည်ပင်းမှာဆွဲထားကာ သူ့တို့နှစ်ယောက်ရဲ့ရုံးခန်းထဲဝင်လာတဲ့ သားလုပ်သူကိုကြည့်ပြီး ကြယ်စင်မင်းပြုံးလိုက်မိသည်။

" သား အလုပ်ထဲမှာစီနီယာတွေနဲ့အဆင်ပြေရဲ့လား "

" ဟုတ် ပြေပါတယ် ဒယ်ဒီ သားအတွက်စိတ်မပူနဲ့ ဖေဖေနဲ့ဒယ်ဒီအားကိုးရတဲ့ သားဖြစ်အောင်အလုပ်ကိုကြိုးစားလုပ်မှာပါ "

" ကြားရတာတော့ ဝမ်းသာစရာပဲ ဖေဖေကသားအလုပ်ဝင်တာတစ်ပတ်ပြည့်အထိမ်းအမှတ်အနေနဲ့အပြင်မှာလုပ်ရမယ်တာဝန်တစ်ခုကို စပေးမယ် "

" ဘာတာဝန်လဲဖေဖေ "

ဖေဖေလရောင်အပြောကိုသိချင်တာကြောင့် ရောင်လေးမေးကြည့်လိုက်ပြီး ဒယ်ဒီအလုပ်‌စားပွဲပေါ်ကော်ဖီတစ်ခွက်တင်ထားပေးခဲ့လိုက်၍ ဖေဖေကြယ်စင်မင်းအလုပ်စားပွဲနားလျှောက်လာခဲ့လိုက်သည်။ ရောင်လေးကုမ္ပဏီမှာအလုပ်စဝင်တာဒီနေ့နဲ့ဆိုတစ်ပတ်ပြည့်ခဲ့ပြီးဖြစ်၏ ဖေဖေတို့ကရုပ်ရှင်ကားတွေထဲကလို့ သူဌေးသားကုမ္ပဏီမှာအလုပ်ဝင်ရင်ချက်ချင်းရာထူးတိုးနေရာကောင်းပေးခဲ့တာမဟုတ် ရောင်လေးကိုအလုပ်သဘောအစဆုံးနားလည်အောင်လို့ဆိုကာအောက်ခြေဝန်ထမ်းအလုပ်ကနေစလုပ်ခိုင်းပြီး အားလုံးနားလည်ပြီးဆိုမှရောင်လေးအတွက်ရာထူးနဲ့ရုံးခန်းကိုယ်ပိုင်တစ်ခုပေးမည်ဟူ၍ ဖေဖေနဲ့ဒယ်ဒီကဆိုလာသည်။

" လရောင် သားကိုအပြင်မှာ ဘာတာဝန်တွေပေးမလို့လဲ !"

ထုံးစံအတိုင်း ကိုကိုကတော့ သားကိုစိတ်မချတာကြောင့် အပြင်မှာခိုင်းမယ်ဆိုတာကိုမကြိုက်သလိုမေးလာသည်။

" ဦးမာန်တို့ကုမ္ပဏီသွားပြီး ပစ္စည်းပို့ဒါလေးလက်မှတ်ထိုးခိုင်းရုံပါပဲ "

ရောင်လေးတို့ကုမ္ပဏီကဆောက်လုပ်ရေးပစ္စည်းများထုတ်လုပ်သောကြောင့် ဦးမာန်တို့ဘာဆောက်ဆောက်ပစ္စည်းတွေကရောင်လေးတို့ဆီကမှာယူတာဖြစ်သည်။

[ မနေ့ကထက်ပိုချစ်တယ် ] Completed Where stories live. Discover now