Vol 3 [ 9 ]

3K 130 3
                                    

[မနေ့ကထက်ပိုချစ်တယ်]

Bar တစ်ခုမှာဝိတ်တာလေးကိုတစ်ခွက်ပြီးတစ်ခွက်မှာယူ၍ တစ်ယောက်တည်းအမူးထိုင်သောက်နေမိသည်။ ကုမ္ပဏီကအပြန်ညစာလိုက်ကျွေးပါဆိုလို့ စုကိုညစာလိုက်ဝယ်ကျွေးပြီးနောက် ရုတ်တရက်စုဘက်ကလမ်းခွဲခြင်းကိုခံလိုက်ရ၏ အခုသောက်နေမိတာက စုနဲ့လမ်းခွဲလိုက်ရလို့အသည်းကွဲနေတဲ့ခံစားချက်ကြောင့်မဟုတ် စုပြောထားခဲ့တဲ့စကားလုံးရဲ့အဓိပ္ပါယ်ကိုနားလည်မိချိန်မှာ သူရောင်လေးအပေါ်မှာလုပ်မိခဲ့တဲ့အမှားကရောင်လေးခွင့်လွှတ်ပေးနိုင်ပါမလားဆိုတဲ့ ကြောက်စိတ်နဲ့သောက်နေမိခြင်းဖြစ်သည်။

စုလို့သဘောထားပြည့်ဝတဲ့ မိန်းကလေးကိုသူသဘောကျမိခဲ့သည်။ အဲဒါကြောင့်လဲ စုကိုသူ့နှလုံးသားကချစ်တယ်အထင်နဲ့ချစ်ခွင့်ပန်ခဲ့၏ ယခုလမ်းခွဲချိန်မှာတော့ စုပြောထားခဲ့တဲ့စကားက။

ကို နှလုံးသားကိုအမှောင်အခန်းလေးထဲမှာသော့ခတ်မထားပါနဲ့တဲ့ အမှန်တကယ် ကို နှလုံးသားမှာနေရာယူထားသူ ဘယ်သူလဲဆိုတာအဖြေရှာပါ တကယ်လို့ ကိုအဖြေရှာတွေ့ချိန်ကြရင် စုဘက်ကလမ်းခွဲခြင်းကို ကိုဘက်ကကျေးဇူးတင်လာမှာပါတဲ့။

စုပြောတာမှန်ပါတယ် ခခရောင်လေးကိုချစ်မိ‌နေခဲ့တာ ညီအစ်ကိုလိုမဟုတ်ဘူး ရောင်လေးနဲ့ထပ်တူညီတဲ့အချစ်ခြင်းနဲ့ဖြစ်၏ ဒါပေမဲ့ သူဟာစုရဲ့ချစ်သူဖြစ်နေပြီး စုအပေါ်မှာမတရားတဲ့လုပ်ရက်မျိုးမလုပ်ရက် သူ့ဘက်ကစပြီး စုကိုလမ်းခွဲစကားမဆိုရက်ခဲ့ ဒါကြောင့် ရောင်လေးအမုန်းကိုခံ၍ ညီအစ်ကိုဆိုတာကိုပဲပါးစပ်ကအချိန်ပြည့်ပြောနေခဲ့မိသည်။

ထိုနေ့က ရောင်လေးကိုစုနဲ့မိတ်ဆက်ပေးခဲ့တဲ့ခခရဲ့မွေးနေ့ လွန်ခဲ့တဲ့သုံးနှစ်ကျော်ကစပြီး ရောင်လေးရဲ့စိမ်းကားမှုကိုခခခံခဲ့ရသည်။ အရမ်းကြောက်ခဲ့မိတဲ့အချိန်ကရောင်လေးနှုတ်ခမ်းကထွက်လာတဲ့ စကားလုံးက ကျွန်တော်ကိုထပ်မပတ်သက်ပါနဲ့တော့ဆိုတဲ့ရောင်လေးရဲ့စကား ဒါဟာခခဘဝရဲ့တုန်လှုပ်မိဆုံးအချိန်ဖြစ်သည်။ ဘယ်လိုမှစိတ်ကူးကြည့်လို့မှမတဲ့ ရောင်လေးနဲ့ထပ်မသက်ဖို့အကြောင်း သူ့မခံစားနိုင်ဘူး ရောင်လေးရဲ့စိမ်းကားမှုကိုနောက်ဆုံး သူအဖြေရှာတွေ့ခဲ့တယ် ရောင်လေးကို သူချစ်မိနေခဲ့တာ ဟုတ်တယ်ခခရောင်လေးကိုချစ်မိနေခဲ့တာ ဟိုလွန်ခဲ့တဲ့သုံးနှစ်ကတည်းကအဖြေရှာလို့တွေ့ခဲ့တာဖြစ်၏ ဒါပေမဲ့ စုလို့မိန်းကလေးတစ်ယောက်အပေါ်မှာ သူဘယ်လိုစိတ်နဲ့လမ်းခွဲစကားကိုပြောထွက်ပါ့မလဲ။

[ မနေ့ကထက်ပိုချစ်တယ် ] Completed Where stories live. Discover now