Vol 3 [ 3 ]

3K 122 0
                                    

[မနေ့ကထက်ပိုချစ်တယ်]

" Happy Birthday ကိုကိုခ "

ခခအိမ်ထဲကိုခေါင်းငိုက်စိုက်နဲ့ဝင်လာတော့ မီးမီးလေးကအဖြူရောင်မွေးနေ့ကိတ်လေးတစ်ခုကိုကိုင်ထား၍ ခခအရှေ့မှာပိတ်ရပ်လိုက်ကာပြောလာသည်။ မီးမီးလေးအနောက်မှာလဲပြုံးကာမတ်တတ်ရပ်နေကြတဲ့ ဒယ်ဒီနဲ့ကိုကို။

" Happy Birthday ခခမွေးနေ့မှာစအမြဲပျော်ရွှင်ပါစေ "

ကိုကိုတိမ်စိုင်ကခခကိုကြည်ပြီး ဆုတောင်းပေးလာတော့ ခခပြုံးလိုက်ကာ။

" ပေးတဲ့ဆုနဲ့ပြည့်ပါရစေ ကိုကို "

" အဲဒါဆိုမီးလေးမှုတ်လိုက်ပါဦး အဲကိတ်ကသားကိုကို ကိုယ်တိုင်ဒီနေ့တစ်ညနေတစ်ညနေလုံးကြိုးစားပြီးဖုတ်ပေးထားတာ "

မာန် သားလုပ်သူကိုကြည့်၍ ပြောလိုက်တော့ ငယ်ကမာန်ကိုကြည့်လာပြီးနောက်။

" ကိုကိုတစ်ယောက်တည်းမဟုတ်ပါဘူးနော် မီးမီးလေးနဲ့မောင်ဘေးကနေကူပေးကြတယ်လေ "

ကိုကိုတိမ်စိုင်စကားကြောင့် ခခရင်ထဲမှာကြည်နူးသွားမိ၏ ဒီကိတ်လေးကဒယ်ဒီတို့သုံးယောက်သူ့အတွက်ကိုယ်တိုင်ဖုတ်ပေးထားကြတယ်ဆိုတာ သိလိုက်ရတာကြောင့် ပျော်ရွှင်စွာဖယောင်းတိုင်းမီးလေးကိုငုံ့မှုတ်လိုက်သည်။

" ကိုကို မီးမီးကိုအရင်ခွံ "

ခခကိတ်ကိုဓါးနဲ့ခွဲလိုက်၍၊ မီးမီးလေးကိုအရင်ခွံလိုက်ပြီး ဒုတိယကကိုကိုတမ်စိုင်ပြီးမှဒယ်ဒီကိုခွံကျွေးလိုက်ပြီး ကိတ်ကိုခွဲကာ အိမ်ကဦးမောင်လှ မမမိအေးတို့ကိုပါကျွေးလိုက်သည်။

သားခအိမ်ထဲဝင်လာကတည်းက မာန်သတိထားမိနေ၏ သားမျက်နှာကပြုံးနေပေမဲ့ ဝမ်းနည်းရိပ်တွေထင်ဟပ်နေသည်။ မာန်သမီးလေးကိုကြည့်လိုက်၍။

" မီးမီးလေး သွားအိပ်တော့နော် နောက်လကြရင်မီးမီးလေးရဲ့ကိုးနှစ်ပြည့်မွေးနေ့ကြ ဒယ်ဒီနဲ့ဖေဖေကကိုကိုထပ်ပိုကြီးတဲ့မွေးနေ့ကိတ်ကြီးလုပ်ပေးမယ် "

ဦးမာန်အပြောကြောင့် တိမ်စိုင်သိလိုက်၏ ခခကိုဦးမာန်ပြောစရာရှိလို့ သမီးလေးကိုသွားအိပ်ခိုင်းနေသည်။ တိမ်စိုင်လည်းသမီးလေးလက်ကိုဆွဲလိုက်၍။

[ မနေ့ကထက်ပိုချစ်တယ် ] Completed Where stories live. Discover now