Vol 3 [ 1 ]

10.1K 206 2
                                    

[မနေ့ကထက်ပိုချစ်တယ်]

အချိန်တွေတရွေ့ရွေ့ကုန်ဆုံးသွားခဲ့တဲ့နှစ်တွေအတွင်းမှာကိုကိုခတစ်ယောက်ဘွဲ့ရသွားပြီးနောက် ဦးမိုးမာန်သော်ကုမ္ပဏီမှာအလုပ်သင်ဘဝနဲ့အောက်ခြေဝန်ထမ်းကစပြီးသင်ယူနေရတဲ့အချိန်  ရောင်လေးကတော့ဒုတိယနှစ်တက်နေရတုန်းပဲဖြစ်သည်။

ဒီနေ့ကကိုကိုခရဲ့အသက်နှစ်ဆယ်နှစ်နှစ်ပြည့်တဲ့နေ့လေးဖြစ်သည်။ ခါတိုင်းကလေးဘဝတုန်းကလိုခြံထဲမှာမွေးနေ့ပွဲတွေမလုပ်တော့ပေမဲ့ နှစ်တိုင်း ရောင်လေးကိုအပြင်မှာမုန့်လိုက်ဝယ်ကျွေးတတ်သည်။

🎶 ကိုယ်ရင်ခုန်သံရပ်မသွားဖို့အတွက် မင်းလေးရှိမှဖြစ်တော့မှာမို့ ယုံကြည်ပါဒီစကားလေးကအရေးသိပ်ကြီးလို့ 🎶

🎶 ဒီရင်ခွင်လက်ဝဲဘက်ကနှလုံးသားလေးအဖျားတတ်နေပြီမို့ ဘယ်လိုပြန်ကယ်သင်ပေးရမလဲ မင်းလေးသိဖို့ 🎶

🎶" Love you အချစ်တွေမင်းယူ "🎶

ကျော့ပိုးအိတ်ထဲကဖုန်းလေးဆီမှာရောင်လေးအကြိုက်ဆုံးသီချင်းလေးကသာယာစွာထွက်ပေါ်လာသည်။

" ဟယ်လို ကိုကိုခ "

ရောင်လေးအသံချိုချိုလေးကြောင့် ခခကားမောင်းနေရင်းပြုံးလိုက်မိသည်။

ထို့နောက် ကားကိုလမ်းဘေးထိုးရပ်လိုက်၍။

" ကိုယ်ရောက်နေပြီ ရောင်လေးဘယ်မှာလဲ "

" ကိုကိုခ သားဒီမှာ "

ရောင်လေးကျောင်းအပေါက်ဝရောက်တော့လှမ်းမြင်‌နေရတဲ့ ကိုကိုခတစ်ယောက်ရပ်ထားတဲ့ကားကိုကျောမှီထားပြီးလက်တစ်ဖက်ကဖုန်းကိုကိုင်ပြောနေ၏ ကိုကိုခပြောနေတဲ့တစ်ဖက်ဖုန်းထဲကလူမှာရောင်လေးကိုယ်တိုင်ပဲဖြစ်သည်။

ရောင်လေးဖုန်းကိုပိတ်လိုက်၍ ကိုကိုခဆီအပြေးသွားလိုက်တော့ ထုံးစံအတိုင်းကိုကိုခဆီက အော်ငေါက်သံထွက်လာသည်။

ရောင်လေးအတွက်တော့ ကိုကိုခဆီကမူပိုင်ကြားနေကြစကားလေးဖြစ်သည်။

" လမ်းလျှောက်ရင် မလိုအပ်ပဲမပြေးနဲ့လို့ ကိုကိုခပြောထားတယ်လေချော်လဲပြီး ခိုက်မိရင်ဘယ်လိုလုပ်မလဲ !"

[ မနေ့ကထက်ပိုချစ်တယ် ] Completed Where stories live. Discover now