ဇာတ်သိမ်းပိုင်း

4.3K 121 5
                                    

"မေ......"

ဝရံဒါတွင် ရပ်နေသော သူမလေးကိုနောက်ကနေသိုင်းဖက်ပြီး အသံပြုလိုက်သည်မှာ သူမလေးကစောင်းငဲ့ကြည့်လာပေးသည်။

ဒီနာမည်လေးကို မြတ်မြတ်နိုးနိုးနဲ့ရေရွတ်ရုံကလွဲပြီး သူကိုယ်တိုင်မှာကလည်း ပြောစရာစကားမရှိသည်မို့ သူမလေးရဲ့ပခုံးတစ်ဖက်မှာမေးတင်ရင်း ပွေ့ဖက်ငြိမ်သက်ထားလိုက်တော့သည်။

"Joseph....."

"အင်း ပြောလေ မေ....။"

"ကျွန်မတို့ ဘာလို့ပြန်တွေ့ကြတာလဲဟင်။ တကယ်တော့လေ ကြိုပြီးစဥ်းစားကြည့်ခဲ့ဖူးတဲ့ ကျွန်မရဲ့ဘဝမှာလေ Josephကမပါခဲ့ဘူး။ အခုတော့ ကျွန်မဆီမှာ Josephတစ်ယောက်ပဲရှိတော့သလိုပဲ။"

အားလုံးကို ပစ်ချထားခဲ့ပြီး သူနဲ့အတူ Vay Castleကိုလိုက်လာခဲ့ပြီးမှ မေသည် ကျန်ခဲ့သည့်သူများကိုသတိရလွမ်းဆွတ်နေပုံရသည်မို့ သူ့မှာစိတ်မကောင်းဖြစ်ရသည်။

"ကံတရားက တကယ်ပဲ ကျွန်မကိုရှင်နဲ့ရှိစေချင်တာလား မသိဘူးနော်။"

"မောင်တို့နှစ်ယောက်အတူရှိနေဖို့က ကံတရားစီမံပေးမှ မဟုတ်ပါဘူးမေရာ။ မောင့်ဆန္ဒ၊ ပြောရရင် မောင်တို့နှစ်ယောက်လုံးရဲ့ဆန္ဒတွေကြောင့် မောင်တို့အတူရှိရတာ။"

"ဆန္ဒ....."

"ဟုတ်တယ် မေ။ မောင်ကလေ စတွေ့ချင်းမှာထဲက မေနဲ့အတူရှိနေချင်တာ။ မေ့ရဲ့....စိတ်ထားလေးက မောင့်အတွက်တော့ ရေကန်ထဲကလမင်းလေးလိုပဲ။ လှလွန်းလို့ အမြဲတမ်းပဲကြည့်နေချင်တဲ့အထိဖြစ်ရတယ်။ ဒီလို မောင့်ဆန္ဒတွေကြောင့်ပဲ မောင်တို့အတူရှိကြတာထင်ပါရဲ့....။"

"ကျွန်မက စိတ်ထားလှတယ်လို့ Josephထင်နေတာလား။ တကယ်တော့လေ ကျွန်မက..."

"ရှူး....."
ဆက်ပြောလာမည့် သူမလေးရဲ့စကားများကို ဒီနေရာမှာပဲ နှုတ်ခမ်းဖူးဖူးလေးပေါ်လက်ညှိုးတင်ကာ ရပ်တန့်စေလိုက်သည်။

"မောင့်အချစ်လောက် စိတ်ထားမြင့်တာ၊မြတ်တာ ဘယ်မှာရှိမှာလဲ။ အချစ်ကလေ ပြဿနာတွေနဲ့ရင်ဆိုင်ရချိန်မှာ ငြိမ်သက်နေတတ်တယ်။ ပျော်စရာတွေကြုံလာရင်တော့ လင်းလက်လာတဲ့အထိ ပျော်ရွှင်ပြတယ်။  ဒီလောက်ထိ ကောင်းမွန်လှပတဲ့စိတ် ထားတတ်တဲ့ မိန်းကလေးပါကွယ်။"

လောကဓံဟာ (၈)ပါး မ,ကပါ။ (Completed)Where stories live. Discover now