အပိုင်း (၃၀)

1.5K 76 9
                                    

(ကားနဲ့ တိုက်ခံရတဲ့အရှိန်ကအရမ်းပြင်းထန်တယ်။)

ဆေးရုံဆင်းဖို့ရန်အတွက် ဆရာဝန်များနှင့်စကားပြောနေကြသူတွေကို လျစ်လျူရှုပြီး ကုတင်ပေါ်မှာလဲလျောင်းနေသည့် သူ့ဆီကိုပဲအာရုံစူးစိုက်ထားသော်လည်း ပြောသံများကိုက ကြားနေရသည်။

(တစ်ဖက် ကားမောင်းသူက ဘရိတ်ပေါက်သွားတာ။ အဲ့ဒီလူတော့ ဆေးရုံမရောက်ခင်မှာပဲ သေသွားတယ်။)

(ကားချင်းတိုက်တဲ့ နေရာမှာလူသုံးယောက်ရှိခဲ့တယ်ဆိုတာ ကျွန်တော်တော့တကယ်မယုံနိုင်ဘူးဗျာ။)

ပါရဂူတွေက အချင်းချင်းပြောဆိုနေတာမဟုတ်ပဲ အလျဥ်းသင့်သလို တစ်ယောက်ပြီးတစ်ယောက်ရှင်းပြနေပုံရသည်။ တစ်ဖက်က နားထောင်နေသူသည် နိုင်ငံတစ်ခု၏ ဘုရင်ဖြစ်သည်ဆိုသော အချက်ကြောင့်ပဲ အားလုံးကတလေးတစား ပြောဆိုဆက်ဆံနေကြသည်။

(ကျွန်တော်တို့ ကားတိုက်တဲ့နေရာကို ပထမဆုံးရောက်သွားတော့ ကားတိုက်တဲ့နေရာမှာ တစ်ယောက်ချင်းတိုက်တယ်လို့ ထင်ခဲ့ပေမယ့်လည်း မင်းသားရဲ့ရင်ခွင်ထဲမှာ မိန်းကလေးတစ်ယောက်ရှိနေတယ်။ နှစ်ယောက်လုံးက မောင်းသူဘက်ခြမ်းမှာမို့ တကယ်ဆို ဘရိတ်ပေါက်ပြီး လာတဲ့ကားက မိန်းကလေးကိုကျော်ပြီးမှ မင်းသားကိုထိခိုက်မှာဖြစ်ပေမယ့်လည်း မင်းသားကဆွဲလှည့်ပြီး ဖက်ထားလိုက်ပုံရတယ်။)

Provence Police stationမှ အကြီးဆုံးဖြစ်သော အရာရှိကိုယ်တိုင်ရောက်လာသည်။ ပြီးတော့ သူ့စာအုပ်လေးထဲမှာ မှတ်ထားသည့်အတိုင်းပဲ ဘုရင်ကြီးနားလည်အောင်ရှင်းပြနေသည်။

ထိုနောက်မှာတော့ ပါရဂူကပြောလာပြန်သည်။

(ထူးထူးဆန်းဆန်းပဲ မင်းသားရဲ့ ညာဘက်လက်ချောင်းနှစ်ခုက အရိုးအက်သွားတယ်။ ဒီနေရာနဲ့ ဒီနေရာ...)

အရိုးဓာတ်မှန်တစ်ခုကို ထောက်၍ရှင်းပြနေသော ပါရဂူထံကို မေထူးကြည့်မိသည်။ လက်ညှိုးနှင့် လက်ခလယ်တွင် ဒုတိယအဆစ်နေရာမှာ ကျိုးသွားပုံရသည်ကိုမြင်လိုက်ရသည်ကြောင့် ဆွဲလှည့်ခံလိုက်ရခြင်းနှင့်ထပ်တူပဲ ဦးခေါင်းကိုထွေးပိုက်လိုက်သည့် အပြုအမူကိုမြင်ယောင်မိသည်။

လောကဓံဟာ (၈)ပါး မ,ကပါ။ (Completed)Where stories live. Discover now