အပိုင်း (၉)

1.3K 73 5
                                    

တက္ကသိုလ်ဝင်ခွင့်ဖောင်မတင်ခင်မှာ မေထူးတို့ဆယ်တန်းအောင်ပြီးခါစ သူငယ်ချင်းတွေစုပြီး မြို့မှာရှိသည့် လဝကရုံးကိုသွားပြီး မှတ်ပုံတင်လုပ်ရသည်။

ဟိုဟိုဒီဒီက သက်ဆိုင်ရာထောက်ခံချက်တွေအပြင် အဖေ၊အမေရဲ့မှတ်ပုံတင်မိတ္ထူကိုပါ ပြရမည်မို့ မေထူးအတွက်အနည်းငယ်တော့ အခက်တွေ့ရသည်။

"သွေးနှောမိုလို့ လုပ်လို့မရသေးဘူး။"

မေထူးတို့နဲ့ တစ်ရွာတည်းနေကြသော ဦးဒန်ဖလား၏မြေးအလှည့်မှာ လဝကဝန်ထမ်းက ပြောတာဖြစ်သည်။ ကြာဖူးတာကတော့ ဦးဒန်ဖလား၏အဖိုးက အိန္ဒိယကနေ နွားကျောင်းရင်း ရေကြည်ရာ၊မြက်နုကာဆိုသလိုပဲ မေထူးတို့ရွာမှအခြေချခဲ့တာတဲ့။

ထိုကြောင့် ခေတ်အဆက်ဆက် သူတို့က လူမျိုးခြားဆိုပြီး နိုင်ငံတော်ကိုအခွန်အခပေးဆောင်ကာ နေထိုင်ကြရတာဖြစ်သည်။ အခုထိသူတို့တွေဆီမှာ မှတ်ပုံတင်မရှိကြသေးဘူးလို့လည်း ပြောကြသည်။

"ကျွန်မတို့ဘက်ကလည်း သွေးနှောတွေအတွက် စီမံကိန်းမရှိသေးလို့ပါ။ နောက်ထပ်စီမံကိန်းအသစ်ကိုရေးပြီးမှပဲ အကြောင်းကြားလိုက်ပါ့မယ်။"

"ဒါမယ့် ဒီကောင်လေးအမေက ရွာခံပါ ဆရာမ။ ကျွန်တော်တို့ရွာသူ စစ်စစ်ပါ။"

"သူ့အဖိုးက လူမျိုးခြားဖြစ်နေတယ်လေ။ ရော့ ဒီမှာကြည့်လိုက်။"

မှတ်တမ်းစာအုပ်အထူးကြီးကို ပက်ခနဲပစ်ချလိုက်တဲ့ ထိုဝန်ထမ်းကိုကြည့်ပြီး မေထူးကြောက်မိသည်။

"သူ့အဖိုးက လူမျိုးခြားဖြစ်နေသရွေ့ သူကနိုင်ငံသားမှတ်ပုံတင်ကဒ်ကို ရဖို့ ခက်လိမ့်မယ်။"

ဝန်ထမ်းရဲ့အပြောအဆုံးမှာတော့ မှတ်ပုံတင်လိုက်လုပ်ပေးသည့်လူကြီးလည်း ဘာမှမတတ်နိုင်တော့ပဲ ထိုကောင်လေးကို ခေါ်ပြီးပြန်ထွက်သွားရသည်။ သူတို့နှစ်ယောက်ကိုကြည့်ပြီး မေထူးရင်ထဲမှာ တလှပ်လှပ်နှင့်ဖြစ်ရသည်။

တကယ်လို့များမေထူးလည်း မှတ်ပုံတင်လုပ်လို့မရလျှင်ဘယ်လိုဖြစ်မည်ဆိုတာကိုကြိုတွေးပြီး တော်တော်လေးကိုထိတ်လန့်နေမိသည်။

လောကဓံဟာ (၈)ပါး မ,ကပါ။ (Completed)Where stories live. Discover now