📣📣

2K 189 48
                                    

🔷 Hyung?Not....

Hyung?Not...စာအုပ်အတွက် details လေးတွေ Yeol's Bookateria page က တင်ပြီးဖြစ်ပါလိမ့်မယ်နော်။

တစ်နေ့ထက်တစ်နေ့ ပြောင်းလဲလာတဲ့ စျေးနှုန်းတွေကြောင့် စာအုပ်တန်ဖိုးက အဲ့လောက်ထိ ဖြစ်သွားပါတယ်။ ဒီ့ထက်သက်သာအောင် ကြိုးစားပေးချင်ပေမယ့်လည်း ကျွန်တော့်အနေနဲ့ စာမူခ မယူရုံပဲတတ်နိုင်ခဲ့ပါတယ်။ စိုက်စရာလည်းမရှိတော့လေ (T_T)

အားလုံးခက်ခဲနေတဲ့ ကာလမို့လို့ ဝယ်ဖို့ကိုလည်းအတင်း မတိုက်တွန်းလိုပါဘူး။ တန်ဖိုးထားပြီး
မြတ်နိုးပေးတာနဲ့တင် အများကြီး ကျေးဇူးတင်နေပါပြီ။

🔷 ရှန်ဂရီလာ

ရှန်ဂရီလာကို ၁၀လပိုင်းမှာ စာအုပ်ထုတ်ဖို့ ရည်ရွယ်ခဲ့တာပေါ့နော်။

အခု H?N ကို စာအုပ်ထုတ်တော့မှ ကိုယ့်မှာ အားနည်းချက်တွေ လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်ဆိုတာ သိလာရတယ်။ အဲ့ဒါလေးတွေအတွက် ပြင်ဆင်ရပါဦးမယ်။ တရိပ်ရိပ်တက်နေတဲ့စျေးနှုန်းတွေကြောင့်လည်း စာအုပ်တစ်အုပ်ဖြစ်လာဖို့ဆိုတာ ခက်ခဲတဲ့အနေအထားပါ။

ပြီးတော့ အစစအရာရာ အဆင်ပြေတယ်ဆိုပေမယ့် စိတ်ဖိစီးမှုကတော့ အနည်းနဲ့အများရှိတတ်တာပဲမဟုတ်လား။ အတွေးလွန်တတ်တဲ့သူမို့လို့ သူများတွေအတွက် ဘာမှမပြောပလောက်တဲ့အရာလေးကတောင် ကျွန်တော့်အတွက် ကြီးမားလေးလံနေတတ်တာမျိုးပါ။ ဆက်တိုက်ကြီးကျ အဆင်မပြေတော့ဘူးရယ်။

အဲ့ဒါကြောင့် စာအုပ်တိုက်နဲ့ တိုင်ပင်ပြီး ရှန်ဂရီလာ စာအုပ်ထုတ်ဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုမှ ဘယ်လပိုင်းလောက်ဖြစ်မယ်ဆိုတာကို ကြိုတင်အသိပေးပါ့မယ်။ အများကြီးမျှော်လင့်နေကြမှန်းသိလို့ အားနာရပါတယ်။ အနူးအညွှတ် တောင်းပန်ပါတယ်။

🔷Fic update

အခုလေ စာရေးတာနဲ့ပတ်သက်ပြီး အတောင့်တဆုံး ဆန္ဒတစ်ခုပဲ ရှိပါတယ်။

ရှန်ဂရီလာ S2 ကို ပြီးတဲ့အထိ ချောချောမွေ့မွေ့နဲ့အဆုံးသတ်ခဲ့ချင်တာပါ။

အဲ့ဒီ တစ်ခုလေးပါပဲ။

စိတ်ပင်ပန်းတာကို တော်ရုံထုတ်မပြချင်ပေမယ့် တစ်ခါတစ်လေတော့လည်း တော်တော်လေး ပင်ပန်းတယ်။ အရင်တုန်းကတော့ ကိုယ့်စိတ်ကူးထဲက ပုံရိပ်လေးတွေကို စာကြောင်းလေးတွေအဖြစ် ပုံဖော်မယ်။ဖတ်တဲ့သူတွေက ဖတ်မယ်ပေါ့။ ဒါပေမယ့် အချိန်တွေကြာလာတော့ ထင်သလောက် မရိုးရှင်းမှန်းသိလာရတယ်။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now