~ Ending ~

10.7K 762 476
                                    

Unicode
________

အိစက် နူးညံ့သော အထိအတွေ့နဲ့အတူ နှာသီးဖျားဝမှာ ပထမဆုံး ပျံ့လာသည်က သူ့ရဲ့ ကိုယ်သင်းနံ့။ ညက တစ်ညလုံး ရင်ခုန်ယစ်မူးဖွယ်ကောင်းအောင် စိုးမိုးလွန်းခဲ့သော သူ့ကိုယ်သင်းရနံ့က ယခု မနက်ထိတောင် ကျွန်တော့်ကို လွှမ်းမိုးချင်သည်။ အပြာနုရောင် အိပ်ယာခင်း၊ အပြာရောင်ခေါင်းအုံးများကို မြင်မှ သူ့အခန်းရောက်နေမှန်း အသိဝင်တော့သည်။ ဆယ်နှစ်ကျော် လုံးလုံးနေခဲ့တဲ့ ကျွန်တော့် အခန်းလေးကိုတော့ လွမ်းမိသား။ အိမ်ကို ပြန်ရောက်ပြီးကတည်းက သူ့အခန်းမှာပဲ လာနေစေကာ ကျွန်တော့် အဝတ်အစား၊ အသုံးအဆောင်တွေကိုပါ သူ့အခန်းထဲ ရွှေ့စေခဲ့တာဖြစ်သည်။

လက်မထပ်သေးခင် ခွဲနေကြဖို့ကျွန်တော့်ဘက်က တောင်းဆိုတော့ သူလက်မခံခဲ့။ 'အတူနေချင်လို့ ခင်ဗျားကို ရအောင်ယူထားတာ' တစ်ခွန်းတည်းနဲ့ ပြန်လည်ချေပတာမို့ ကျွန်တော်လည်းထပ်ပြီး အထွန့်မတက်ချင်တော့။ထို့ကြောင့်ပင် မျက်နှာပူပူနဲ့ သူ့အခန်းထဲပြောင်းလာခဲ့ရသည်။ သူ့အခန်းက လူနှစ်ယောက်နေရင်တောင် ဘာမှပြောင်းလဲမသွားအောင် ကျယ်ဝန်းတာမို့ အဆင်တော့ပြေသည်။ သူ ကျောင်းပြီးသွားရင်တော့ တောင်ကုန်းပေါ်က အိမ်ကလေးဆီ သွားနေဖို့သဘောတူထားသည်။

"သားရေ ကုကုရော"

မေမေက အစောကြီးနိုး​ေနတတ်တဲ့ အကျင့်ရှိသည်။ အိမ်မှာ ကူဖော်လောင်ဖက် ကောင်မလေးတွေခေါ်ထားပေမယ့်လည်း ဘယ်တော့မှ မျက်နှာလွှဲမထားတတ်။ သူ(မ) ကိုယ်တိုင် ဦးဆောင်ပြီး မိသားစုအတွက် မနက်စာ၊နေ့လည်စာ၊ညနေစာကို ပြင်ဆင်ချက်ပြုတ်တတ်သည်။ ယခုလည်း နံနက်စာပြင်ဖို့ထင်သည်။ ကျွန်တော်ကသာ အိပ်ချင်မူးတူးဖြစ်နေပေမယ့် မေမေကတော့ ရွှင်လန်းတက်ကြွနေ၏။

"အိပ်ရာက ထသွားပြီထင်တယ် မေမေ။ကျွန်တော်နိုးလာတော့ သူမရှိတော့ဘူး"

ကျွန်တော့်ကိုယ်ပေါ်က  ရှပ်အကျီအပြာရောင်ကို အကြည့်ရောက်မိချိန်မှာတော့ မေမေ့မျက်နှာက တစ်မျိုးဖြစ်သွားသည်။ မျက်တောင်ဖျားတွေကို ပုတ်ခတ်ပစ်ပြီး အကြည့်ရွေ့သွားကာ နောက်ကြောင်းပြန်
လှည့်သွားသည်။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now