~ 21 ~

9.2K 730 384
                                    

Unicode
_________

မီးရောင် ခပ်ဖျဖျထွန်းထားသော အခန်းထဲတွင် လိုက်ကာစ အပြာရောင်က တစ်ချက်,တစ်ချက် လူးလွန့်သည်။ သစ်ကိုင်းအချင်းချင်း ပွတ်တိုက်သံ၊ လေတိုးသံ၊ တစ်ခါတစ်ရံ ငှက်ကလေးတစ်ကောင်စ နှစ်ကောင်စ၏ မြည်ကြွေးသံမှအပ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်လျက်။ ခြံထဲက နှင်းဆီပန်းရနံ့က နှာခေါင်းဝသို့ မကြာခဏ ကလူကျီစယ်လာ၏။မွှေးလိုက်ပါဘိ။

သို့တိုင်အောင် ကျွန်တော့်ရင်ထဲမှာ မအေးချမ်းနိုင်။ မနက်ဖြန် မေမေတို့ဆီပြန်မည်။ လူကြီးတွေ လက်ခံလာအောင် ဘယ်လိုတရားချရပါ့မလဲဟု တွေးမိတိုင်း သက်ပြင်းကိုသာ ခဏခဏရှိုက်မိသည်။ သူကတော့ ကုတင် ခေါင်းရင်းကို ခပ်လျှောလျှော မီှထားသည့် ပုံစံဖြင့် စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ ကျွန်တော်က စိုးရိမ်နေသလောက် သူကတော့ အေးစက်စက်နိုင်လွန်းလှသည်။ အင်းလေ..အရင်ကတည်းက သူ့ပုံစံက သည်လိုပဲဟာ။ စိတ်လှုပ်ရှားပြီး ကမူးရှုးထိုးဖြစ်တာမျိုး ဂျွန်ဂျောင်ကုတို့ ရာဇဝင်မှာ ဘယ်တုန်းကမှမရှိခဲ့တာ။

"ေဂျာင်ကု..."

အခုလည်း သူက တုပ်တုပ်မှ မလှုပ်။ စာအုပ်ကိုတောင် အကြည့်မပျက်ပါ။

"ဂျွန်ဂျောင်ကု"

သည်တစ်ခါတော့ ကျွန်တော့်လေသံက နည်းနည်းမာသွားသည်။ ဒေါသသံစွက်သွားသည်။ မကြားရအောင် သူနဲ့ကျွန်တော့်ရဲ့ အကွာအဝေးက လက်တစ်ကမ်းစာလောက်ပဲ ဝေးသည်။ သူ တမင် မထူးဘဲ ငြိမ်နေတာ။

"ဂျောင်ကု..."

အတတ်နိုင်ဆုံး စိတ်ကို ဆွဲဆန့်ပြီး ခေါ်ပေမယ့်လည်း သူက အကြည့်တစ်ချက်လေးတောင် ရောက်မလာခဲ့။
ဒေါသထွက်ထွက်နဲ့ သူ့ကို ရိုက်လိုက်မည်ဟု တွေးထားသော်လည်း အားငယ်စိတ်,သိမ်ငယ်စိတ်ကသာ ရင်ထဲကြီးစိုးလာသည်။ ခိုးယူပြီးမှ ရလာတဲ့ အချစ်မို့ ကျွန်တော့်ကို တန်ဖိုးမထားတာလား။ လိုချင်တာ ရသွားလို့ ဂရုမစိုက်တော့တာလား။

မထူးတော့ပြီမို့ နောက်ဆုံးလက်နက်ကို ကျွန်တော်ထုတ်သုံးလိုက်တော့သည်။

"မောင်"

ကျွန်တော့်အသံက ဆောင့်ဆောင့် အောင့်အောင်နိုင်သွားသည်။စိတ်မကြည်မှုရော၊ ဒေါသပါ ရောပေါင်းသွားတာမို့ ဘယ်မှာများ နားဝင်ချိုစရာ ကောင်းပါတော့မလဲ။ ခေါ်သာ ခေါ်လိုက်ပေမယ့် ရင်ထဲမှာတော့ သူ့ကို မကြည်ဖြူနိုင်။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now