~ 7 ~

9.5K 841 462
                                    

Unicode
_________

အိမ်ပြန်လာသည့် လမ်းတစ်လျှောက်လုံး ကျွန်တော် သူ့ကိုစကားမပြောမိခဲ့။ ကားသံများ၊ လမ်းသွားလမ်းလာများ၏ လှုပ်ရှားမှုအသံများသည်လည်း ကျွန်တော့်ကမ္ဘာတွင် တိတ်ဆိတ်နေသည်။ ကျွန်တော်သိသည်က တဒိတ်ဒိတ်ခုန်နေသော ကျွန်တော့်ရင်ဘတ်ထောင့်စ​ွန်းက ရင်ခုန်သံ သာဖြစ်သည်။

သူနဲ့အကြည့်ချင်းဆုံလိုက်တိုင်း ဘာကြောင့် ရင်တွေခုန်နေရတာလဲ။ တကယ်ဆို သူက ကျွန်တော့်ညီလေးပဲဟာ။ ရင်ခုန်စရာ မလိုတဲ့ ဆက်ဆံရေးတစ်ခုကို ကျွန်တော့်စိတ်တွေက ဘာလို့ ကယောက်ကယက် ဖြစ်နေရတာလဲ။ ကျွန်တော် သူ့ကိ​ု တစ်ချိန်လုံး 'ရူးနေတာများလား' ဆိုပြီး တွေးနေခဲ့မိတာ။ သေချာစဥ်းစား ကြည့်လိုက်တော့မှ အမှန်တကယ် ပြဿနာရှိနေတာက ကျွန်တော့် နှလုံးသားဖြစ်သည်။

ကျွန်တော့် ဘေးနား သူရောက်လာတိုင်း ပုံမှန်နှလုံးခုန် နှုန်းထက် ပိုမြန်လာသည်။ သူ့ကိုယ်သင်းရနံ့ကို ရတိုင်း ရင်ထဲလှိုက်ဟာပြီး မောချင်သလိုလို၊ အသက်ရှုမဝချင်သလိုလိုဖြစ်လာသည်။ သူ ကျွန်တော့်ကို စိုက်ကြည့်နေလျှင် အနေရခက်ပြီး လက်ဖျားတွေ အေးစက်တုန်ရီလာသည်။

သူ့ကို ကျွန်တော် ကြောက် နေတာများလား။
ဟင့်အင်း...ကြောက်တာလည်း မဟုတ်ပါဘူး။ ဒါဆိုရင် နှလုံးရောဂါရဲ့ အကြိုရှေ့ပြေး လက္ခဏာများလား။ ကိုယ့်ကိုယ်ကိုလည်း သေချာ မသိတော့ဘူး။

"ဘာဖြစ်သွားတာလဲ ဂျွန်ဆော့ဂျင်"

သူက ရိပ်မိသွားပုံရသည်။ ကျွန်တော့်နောက်ကျောဆီသို့ အမှီလိုက်လာကာ ကျွန်တော့်ရှေ့တည့်တည့်
ခြံပေါက်ဝမှာ ပိတ်ရပ်သည်။

"ဘာမှမဖြစ်ပါဘူး။ ဖယ်ပေး အိမ်ထဲဝင်မလို့"

သူက ဖယ်မပေးသည့်အပြင် ကျွန်တော့်လက်ကောက်ဝတ်ကို ဖျတ်ကနဲ လာဆွဲကာ ခြံတံတိုင်းဆီသို့ ခေါ်လာသည်။ တဖြည်းဖြည်းတိုးကပ်လာသော သူ့ခန္ဓာကိုယ်ကြောင့် ကျွန်တော် လန့်သွားပြီး နောက်ကိုဆုတ်လိုက်မိသည်။ ရပြန်ပြီ...ဒီအနံ့။ သူကိုယ်သင်းရနံ့ lavender အနံ့သင်းသင်းက ကျွန်တော့် နှလုံးခုန်သံတွေကို သုံးဆလောက်ပိုမြန်စေသော အစွမ်းရှိသည်။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now