~ 15 ~

8.4K 723 363
                                    

Unicode
_________

"ဂျောင် ကု "

"မောင် လို့ ခေါ်"

သူ့နှာခေါင်းဝက အသက်ရှုထုတ်လိုက်သည့် လေကကျွန်တော့်လည်ပင်းတစ်လျှောက် ပွတ်တိုက်သွားသ
ဖြင့် ကြက်သီးငွေ့ငွေ့ထ,သွားသည်။ ပရမ်းပတာ ခုန်နေသော နှလုံးသားက တဒုတ်ဒုတ်မြည်သံပင် ကြားရလောက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကျွန်တော့်အပေါ် အုပ်မိုးနေသောကြောင့် အသက်ပင်ရဲရဲမရှုရဲ။ အတင်းရုန်းနေသော လက်တွေကိုလည်း ချုပ်ကိုင်လာပြီး လက်ချောင်းအချင်းချင်း တွယ်ယှက်ဆုပ်ကိုင်လာသောကြောင့် လွတ်မြောက်ဖို့ရာ လမ်းမမြင်တော့။ ပုံမှန်အချိန်သာဆို ရှိသမျှ အားကုန်သုံးပြီး တွန်းပစ်ခဲ့ရင်တောင်ရနိုင်ပေမယ့် ဆိုဂျူ၏ အရှိန်ကြောင့် တစ်ကိုယ်လုံး လေးကန်နေသည်။

"မောင့် ကို ချစ် တယ် လို့ ပြော"

ပြုံးယောင်သန်းပြီး မှေးစင်းနေသော မျက်လုံးများက အခန်းမီး၏ အလင်းရောင်ဖျော့ဖျော့အောက်တွင် အရိပ်များ ယိမ်းနွဲ့ကခုန်နေသလို ရီဝေဝေဖြင့် စိုက်ကြည့်လာသည်။ သူ့အကြည့်ဒဏ်တွေကို ကျွန်တော်ရင်မဆိုင်ရဲတော့။ မျက်လွှာချပြီး နှုတ်ခမ်းကိုသာ အကြောင်းမဲ့ ဖိကိုက်ထားမိသည်။

ထိုအခါ ကျွန်တော့်လက်ချောင်းများကို တွယ်ယှက်ထားသည့် သူ့လက်များက ပိုပြီးတင်းကြပ်သွားပြီး မျက်နှာထက်သို့ ပူးကပ်လာသည်။

"ဟင့်အင်း..ငါ့ကိုယ်ပေါ်က ဖယ်ပေး"

ကျွန်တော့်ရဲ့ အကြောက်အကန် ငြင်းဆန်မှုတွေက အရာမထင်တော့။ မြန်ဆန်လာသော အသက်ရှုလေငွေ့ပူပူများက ပါးတစ်ဖက်မှတဆင့် လည်ပင်းအနှံ့သို့ ကျူးကျော်လာသည်။ ထိုအခိုက် လည်ပင်းတစ်နေရာမှ စိုစွတ်နွေးထွေးသွားသည့် ခံစားချက်နှင့်အတူ နူးညံ့သော နှုတ်ခမ်းလွှာအတွင်းသို့ ဆွဲယူခံလိုက်ရသည်။ ကျွန်တော့်တစ်ကိုယ်လုံး လျှပ်စီးသလို ဖျဥ်းကနဲ တုန်သွားပြီး နှုတ်ဖျားမှ တစ်စုံတစ်ရာသော အသံတစ်ခု ထွက်လုနီးပါးပင်။

"ဂျောင်..ကု ဖယ်​ပေး"

ဒီလို အတတ်ပညာတွေကို သူဘယ်တုန်းက တတ်နေခဲ့တာလဲ။ သွားနဲ့ဖိကိုက်တာမျိုး မဟုတ်ဘဲ အိစက်သော နှုတ်ခမ်းပါးကို အသုံးပြုပြီး စုပ်ယူငုံထွေးသည်။ သူ,ကျူးကျော်သွားသည့် လည်တိုင်တစ်လျှောက်တွင် ကြက်သီးမွှေးညင်းများ ထသွားရသလို တစ်ကိုယ်လုံး အင်အားတွေ မရှိတော့သလို ညောင်းချိလာသည်။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now