မိုးဒီပ(Arc -7.5)

9.3K 753 5
                                    

<Unicode>
"အွန့် တော်ပီ"

နမ်းနေရာမှအင်္ကျီထဲဝင်ရောက်လာတဲ့လက်များကြောင့်ဒီပတားလိုက်ကာရှိုင်းလက်များကိုအင်္ကျီထဲမှဆွဲထုတ်လိုက်သည်။သူ့စကားအားနားမဝင်သလိုထပ်နမ်းရန်ရှေ့တိုးလာတဲ့ရှိုင်းကြောင့်...

"တော်ပီဆို ကိုကို"

"နမ်းချင်သေးတယ်"

ရှိုင်းမျက်လုံးတေကဒီပနှုတ်ခမ်းကိုသာစိုက်ကြည့်နေလေသည်။

"နောက်မှလေနော် အလုပ်ရှိသေးတယ်မလား"

"မလုပ်တော့ဘူး ထပ်နမ်းမယ်"

မျက်နှာနားထပ်တိုးလာတဲ့ရှိုင်းကြောင့်ရက်ဘတ်လေးကိုအသာတွန်းလိုက်တော့မျက်မှောင်ကျုံ့ကာ..

"ဘာလို့တွန်းနေတာလဲ ကိုယ်နမ်းတာမကြိုက်လို့လား ဒါမှမဟုတ် ဟိုကောင်နမ်းထားလို့နှမြောနေတာလား အသက်!မင်းသူ့ကိုမေ့ပစ်လိုက် မင်းကကိုယ့်အပိုင်!!!"

"ကိုကို စိတ်လျှော့ပါ သူ့ကြောင့်မဟုတ်ပါဘူး ကိုကိုဆက်နမ်းနေရင်အသက်စိတ်ပါလာလိမ့်မယ် အသက်ဘာမှမပြင်ဆင်ထားဘူးလေ လုပ်လို့မှမဖြစ်တာ"

"အ အသက်ကကိုယ့်ကြောင့်စိတ်ကြွနေတာလား ဟုတ်လား"

"တော်ပီ ပြန်တော့မယ် ညနေစောစောပြန်လာခဲ့"

မျက်နှာကိုလက်လေးနဲ့အုပ်ကာထွက်သွားတဲ့သူလေးကြောင့်ရှိုင်းနှုတ်ခမ်းကိုလျှာနဲ့သက်ကာပြုံးလိုက်သည်။

........

ဒီပရုံးအောက်ရောက်တော့ရန်နိုင်နဲ့နန်းမြင့်မိုကတစ်ခုခုပြောနေပုံရသည်။ဒီပသူတို့ကိုမသိချင်ယောင်ဆောင်ကာဆက်သွားရန်အလုပ်..

"ဒီပ ဒီပ!"

ရန်နိုင်ကသူ့ဆီပြေးလာကာလက်ကိုလာကိုင်တာကြောင့်ဆောင့်ရုန်းလိုက်ပီး...

"ကျစ် ဘာတုန်း ပြောစရာရှိပါးစပ်ကပြော ငါ့အသားကိုလာမထိနဲ့"

"အင်းပါ ဒီပဘယ်သွားမလို့လဲကိုယ်လိုက်ပို့ပေးမယ်လေ"

"မလိုဘူး ငါသွားတတ်တယ် မင်းမယားငယ်မအနားမှာသာသွားနေပေးလိုက်"

Love System (Completed)Where stories live. Discover now