real life

8.3K 663 61
                                    

<Unicode>
"ကိုကို!"

ရုတ်တရက်ကြီးရင်ထဲတင်းကြပ်လာတာကြောင့်လွမ်းသွေးအသက်ရှုပင်ကြပ်လာသည်။

"သွေး ဘာဖြစ်တာလဲသားလေး"

"မသိဘူးပါးပါး ရုတ်တရက်ကြီးရင်ထဲတင်းပီးအသက်ရှုကြပ်လာလို့"

"ပါးပါးလိုက်ကာသွားဖယ်ပေးမယ်နော် အဲ့နားကဖယ်နေဖန်ခွက်အကွဲတေရှကုန်မယ်"

*ဘာမှမဖြစ်လောက်ပါဘူး မနက်စာမစားရသေးလို့နေမယ်*

>>>>>>>>

ဒိုင်း...

ထွက်ပေါ်လာတဲ့အသံနဲ့အတူလဲကျသွာတဲ့စနိုက်ပါသမား...

"ဟိုကောင်!ဘာကြောင်ကြည့်နေတာလဲ မင်းရှာရမဲ့သူကိုသွားရှာလေ!!!"

"အန်ကယ်ရောင်နီ!"

"အေး ငါမင်းပထွေး!သွားမြန်မြန် ဒီလူတေငါတို့ကြည့်ထိန်းထားလိုက်မယ်"

"ကျေးဇူးပါအန်ကယ်"

"အေး နောက်မှကျေးဇူးပြန်ဆပ်ပေါ့ကွာ သွားတော့!"

"ဟုတ်"

"ဒီကလူတေတစ်ယောက်မှမလွတ်စေနဲ့အကုန်သတ်ပစ်! ငါ့သားမက်ကိုငါတစ်ယောက်ပဲအနိုင်ကျင့်မယ်!!"

ရောင်နီနဲ့သူ့လူတေကကျန်ရှိနေတဲ့လူတေကိုတာဝန်ယူကာတိုက်ခိုက်နေကြသည်။ရာဇာအနာက်ဘက်သွားကာဒယ်ဒီကြီးကိုရှာနေတုန်း...

ဒိုင်း ဒိုင်း

"အား!"

သေနတ်သံနှစ်ချက်နဲ့အတူနှင်းယုအော်သံကြောင့်အပြေးလေးသွားလိုက်တော့သွေးတေနဲ့လဲကျနေတဲ့ဒယ်ဒီကြီးရဲ့ဗိုက်ကိုလက်နဲ့ဖိပေးကာငိုနေတဲ့နှင်းယု။သေနတ်သမားကနှင်းယုကိုပါပစ်ဖ်ို့ချိန်ရွယ်လိုက်စဉ်ရာဇာကဦးအောင်ပစ်သတ်လိုက်သည်။

"ရာဇာ! ရာဇာလုပ်ပါဦး ဒယ်ဒီကြီးကိုကယ်ပါအုံး"

"ဒယ်ဒီကြီး အားတင်းထား ကျနော်ရောက်လာပီ"

"ရာဇာ အဟွတ် ယုယုကိုစောက်ရှောက်ပေးမယ်မလား"

"ဟင့်အင်း ကျနော်ယောက်ျားယူတော့မှာ သူ့ကိုကြည့်ဖို့အချိန်မရှိဘူး အဲ့တာကြောင့်မသေနဲ့ ဒယ်ဒီကြီးသေရင် နှင်းယုကလမ်းဘေးရောက်သွားမှာ!"

Love System (Completed)Where stories live. Discover now