အိုလီဗာ(Arc -3.5)

11.4K 854 12
                                    

<Unicode>
နောက်တနေ့အိုလီဗာနိုးလာတော့ရင်ခွင်ကျယ်ကြီးတစ်ခုထဲသို့ရောက်နေသည်။ကြွက်သားအဖုအထစ်များနဲ့တောင့်တင်းနေတဲ့လက်တစ်ဖက်သူ့ခေါင်းအောက်ရောက်နေပီးကျန်တစ်ဖက်ကိုသူ့ခါးလေးအားတင်းကြပ်စွာဖက်ထားသည်။အိုလီဗာမနေ့ကအကြောင်းများကိုပြန်တွေးကြည့်မိသောအခါပါးပြင်နှစ်ဖက်ဟာရဲတက်လာတော့သည်။သူကအရင်သွားစတာဖြစ်ပေမယ့်အခုကျပြန်တော့လဲသူကပဲရှက်နေရသည်။

အိုလီဗာသူ့ခါးပေါ်ကလက်ကိုဖြည်းဖြည်းချင်းဖယ်လိုက်ကာထထိုင်လိုက်သည်။လည်ပင်းကစပ်ဖျင်းဖျင်းဖြစ်နေတာကလွဲရင်ဘာနာကျင်မှုမှမရှိတာကြောင့်တွေးစစဖြစ်သွားရသည်။နှစ်ယောက်လုံးတွင်လဲဘာအဝတ်စားမှမရှိတာကြောင့်ညကဘာတေဖြစ်ခဲ့လို့ပြန်တွေးကြည်ပေမယ့်ဘာမှစဉ်းစားမရတာကြောင့်စိတ်ရှုပ်လာကာတဘတ်တစ်ထည်ယူပတ်ကာရေချိုးခန်းထဲသို့ဝင်လိုက်သည်။ဘေဇင်တွင်မျက်နှာသစ်ရန်အလုပ်မြင်လိုက်တဲ့အရာတေကြောင့်လန့်သွားသည်။

"အားးး!"

လည်ပင်းနဲ့ရင်ဘတ်တဝိုက်များကိုက်ရာစုပ်ရာများကခရမ်းရောင်တောင်ပြောင်းနေပီဖြစ်သည်။ဗိုက်သားနဲ့ချက်နားတဝိုက်မှာလဲစုပ်ရာတေအများကြီးပင်။

"ဘာတေဖြစ်ကုန်တာလဲ အ့!"

ရုတ်တရက်ခါးကိုလာဖက်တဲ့လက်တစ်စုံကြောင့်လန့်ကာအော်လိုက်မိသည်။

"ကိုကို့ကိုတောင်မနှိုးပဲထသွားတယ် အသက်ကဆိုးလိုက်တာ"

"အင့် ဖယ်အုံး"

"အရမ်းလိုက်တာပဲ"

"ဟင် ဘာကိုလဲ"

"ကိုကိုပေးထားတဲ့အချစ်အမှတ်သားတေနဲ့လေ အသက်အခုအရမ်းလှနေတယ်"

"ဘာလှတာလဲ ဒီလောက်ရစရာမရှိအောင်လုပ်ထားတာကို"

"ကိုကိုကချစ်လို့လေ ညကအသက်ကအစောကြီးအိပ်သွားတာ ကိုကို့မှာတန်းလန်းကြီးကျန်ခဲ့တာ ဟင့် အသက်ကတော့အိပ်ပျော်ပီးဟောက်နေတဲ့အချိန် ကိုကိုကတညလုံးလက်သမားလုပ်ခဲ့ရတာလက်အံတောင်သေတယ် ဒီအနီကွက်လောက်လေးကိုငြိုငြင်တယ်ပေါ့"

Love System (Completed)Where stories live. Discover now