ယွီအာ(Arc -2.6)

11.9K 908 20
                                    

<Unicode>
ဒေါက် ဒေါက်

"မင်းကြီး ဖန်ချင်ပါအထဲဝင်လာလို့ရမလား"

"......"

ပြန်ဖြေသံမကြားရတာကြောင့်တံခါးကိုတွန်းဖွင့်ကာအထဲသို့ဝင်လိုက်တော့ကုတင်ပေါ်တွင်ကျောပေးထိုင်နေသည့်လူ။

"မင်းကြီး အိပ်မပျော်ဘူးလားဟင် ချင်အဖော်လုပ်ပေးရမလား"

ပါးလွှာသည့်အတွင်းဝတ်တထည်သာဝတ်ထားသည့်ဖန်ချင်ကဝတ်ရုံကိုပေါင်လည်ထိခွဲထားသည့်အပြင်ရင်ဘတ်ကိုလဲဟိုက်ကာပြည့်တင်းနေသည့်ရင်သားများကိုတဝက်မျှဖော်ထားသေးသည်။သာမန်ပုရိသလူမျိုးဆိုရင်တော့သူ့ရဲ့အလှမှာမျောပါသွားနိုင်သည်သာ။ကုတင်ပေါ်ကလူကတော့အခုထိကျောခိုင်းကာမလှုပ်မလျှက်ထိုင်နေပေမယ့်ငြင်းဆန်တာမျိုးလဲမရှိတာကြောင့်ဖန်ချင်ကအနည်းငယ်ဝမ်းသာသွားသည်။

တဖန်အဆင့်ထက်တက်ကာထိုလူရဲ့နောက်ကျောဘက်မှသိုင်းဖက်ကာပြည့်တင်းနေတဲ့ရင်အစုံနဲ့ကျောပြင်အားတမင်ထိကပ်စေပီးစိတ်ကိုလှုံ့ဆော်ပေးနေသည်။

"မင်းကြီး ဒီညလေးကလသာနေတယ်သိလား နည်းနည်းလဲအေးနေသလိုပဲ ချင်တို့နွေးသွားအောင်လုပ်ကြမလားဟင်"

နောက်ကျောဘက်ကနေထိုလူရဲ့အင်္ကျီထဲလက်ထည့်ကာရင်ဘတ်ကိုပွတ်သတ်ရင်းပြောလာသည်။

"....."

"ဘာလို့စကားမပြောတာလဲဟင် ဒီဘက်လှည့်ကြည့်ပါအုံးလား ကျောခိုင်းခြင်းကခံစားလို့ကောင်းအောင်လုပ်ပေးမှာမဟုတ်ဘူးနော် အဟင်း ဟင်း"

မျက်နှာအားလက်ဖြင့်ဆွဲကာမိမိဘက်သို့လှည့်လိုက်စဉ်...

"အားး!!!"

"ကိုယ်လုပ်တော်ဖန် သာမန်ယောက်ျားတေဆိုရင်တော့သင့်အလှကိုလွန်ဆန်နိုင်မှာမဟုတ်ပါဘူး ကျနော့်ကိုကုန်းကုန်းတစ်ယောက်ကတော့ခဗျားကိုအပုပ်ကောင်လို့သာမြင်မိပါတယ်"

"ရှင် ရှင်က ဘယ်လိုလုပ်ဒီမှာရှိနေတာလဲ!"

"မင်းကြီးကဒီညသူ့အခန်းကိုစောင့်ပေးဆိုလို့စောင့်ပေးနေတာပါ အဲ့တာကိုကိုယ်လုပ်တော်ဖန်က.."

Love System (Completed)Where stories live. Discover now