Part-11

4.2K 259 18
                                    

ဈေး၀ယ်ထွက်ပြီးချိန်မှာ ညနေလောက်ဖြစ်နေပါပြီ

"မမ ညစာစားပြီးမှ တခါတည်းပြန်လိုက်ပို့မယ်နော် ရတယ်မလား"

"အင်း ရတယ်လေ"

"အခုဗိုက်ဆာပြီလား"

"မဆာသေးပါဘူး အခု စာအုပ်ဆိုင်ခဏသွားရအောင်"

"အင်း သွားမယ်လေ"

စာအုပ်ဆိုင်ရောက်တော့ ရွှေအိမ်စံကစာအုပ်တွေရွေးနေသလောက် ရှင်ဖုန်းကတော့ တနေရာမှထိုင်ပြီး ဖုန်းသာသုံးနေသည် စာအုပ်တွေမှ သူစိတ်မ၀င်စားပဲ

"ရှင်ဖုန်း ပြီးပြီနော် သွားကြမယ်လေ"

"အော် ဟုတ် ဒါနဲ့ ညစာဘာစားကြမလဲ"

"သိဘူးလေ"

"ဘာစားချင်လဲ Hotpotစားမလား မမ"

"အင်း စားမယ်လေ"

"Okအဲ့တာဆို Hotpot ဆိုင်ပဲ တန်းသွားလိုက်မယ်နော် "

"အင်း"

ဟိုရောက်တော့လဲ ရှင်ဖုန်းတစ်ယောက် မစားနိုင်သေးပါ အသားတွေကင်လိုက် ရွှေအိမ်စံဆိုတဲ့ကောင်မလေး ပန်းကန်ထဲထည့်ပေးလိုက်နဲ့ သူ့ပါးစပ်ထဲကိုမရောက်နိုင်

"အဖုန်းရေ ဒီမှာ ပါးကန်လဲပြည့်နေပြီ ကိုယ့်ဘာသာစားပါအုန်း ဘယ်လိုဖြစ်လို့ အတင်းထည့်နေတာလဲ"

"ဟီးးးစားမှာပေါ့ မမရဲ့ မမကို အများရီးစားစေချင်လို့ပါ"

"၀ကုန်မှာပေါ့"

"မ၀ပါဘူးမမရယ် စားပါ"

စားပြီးသွားတာနဲ့ ပိုက်ဆံရှင့်ပြီး မမကိုအိမ်ပြန်လိုက်ပို့လိုက်တယ် မမ အိမ်ရှေ့ရောက်တော့ ပင်ပန်းနေပြီထင်ပါရဲ့ အိပ်ပျော်နေပြီလေ

ရှင်ဖုန်းကတော့ မနှိုးသေးပဲ ထိုင်သာကြည့်နေပါတော့တယ်

"ဘာလို့ ဘယ်လိုနေနေ ချစ်ဖို့ကောင်းနေရတာလဲ"

တစ်ယောက်ပဲကြားယုံသာရေရွတ်လိုက်ပြီး သူမရဲ့ ပါးဖောင်းဖောင်းလေးကို တချက်နမ်းလိုက်ပါတယ်

နောက်တော့ ရွှေအိမ်စံတစ်ယောက် တအင်းအင်းနဲ့ လှုပ်လှုပ်ရှားရှာဖြစ်လာပါတယ် နိုးလာပြီထင်ပါရဲ့

အချစ်ရှိရာ(Complete)Where stories live. Discover now