နောက်နေ့မနက် ဘယ်သူမှ အစောရီးမထနိုင်ကြ
မနက်တော်တော်နောက်ကျမှ ရှင်ဖုန်းကနိုးလာသည်
ရွှေအိမ်စံကတော့ ပင်ပန်းတာမို့ အိပ်နေတုန်းပင်ရှင်ဖုန်းလဲသူ့ရဲ့ကောင်မလေးမျက်နှာကို
ဘေးတဇောင်းလှဲကာကြည့်နေသည် မနေ့ညက
အကြောင်းပြန်တွေးရင်းပြုံးလိုက်မိသေးသည်ပြီးတော့ ရွှေအိမ်စံရဲ့ ပါးလေးကို တချက်နမ်းပြီး နှုတ်ခမ်းလေးကို ဖွဖွလေးနမ်းကာ မျက်နှာသစ်ဖို့
ထသွားတော့တယ်မျက်နှာသစ်ပြီးထွက်လာတော့ ကုတင်ပေါ်က
စောင်ပုံထဲမှာ ငုတ်တုတ်ထိုင်နေတဲ့ ရွှေအိမ်စံကိုတွေ့သွားပြီး အနားသွားကာ"နာသေးလား 'မ' "
"အွန် လမ်းလျှောက်ဖို့တောင် နာတယ်"
"မနေ့ညကတော်တော်ကြမ်းသွားတယ်ထင်တယ်"
"တော်တော့ ပြန်ပြန်မပြောနဲ့ အဲ့အကြောင်းတွေ"
ရှက်ပြီး ပတ်ရမ်းနေတဲ့ ကောင်မလေးကိုကြည့်ကာ
ရှင်ဖုန်းထပ် စ ချင်လာသည်"ဟွန်း မနေ့ညက သူပဲအတင်းလာနမ်းပြီးလုပ်ခိုင်းတာကို"
"ဟာ...'မောင်!' တော်တော့လို့ဆိုနေ"
"မဟုတ်ဘူးလား မနေ့ညက အေးအေးဆေးဆေးနေနေတာကို အတင်းလာနမ်းပြီးတော့ "
ရွှေအိမ်စံ ရှင်ဖုန်းရဲ့ခေါင်းကိုခေါက်ထလိုက်ပြီး
ဂေါက်!
"အ့...'မ' နာတယ်လေ"
"နာမှာပေါ့ နာအောင်ခေါက်တာပဲ မင်းလုပ်လို့
လမ်းတောင်မလျှောက်နိုင်တော့ဘူး!""ချီမှာပေါ့ 'မ'ရယ်"
ပြောပြီးတာနဲ့ ရွှေအိမ်စံကိုပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲခေါ်သွားကာ ကိုယ်တိုင်မက်နှာသစ်သွားတိုက်ပေးပြီးရေချိုးပေးလိုက်တယ်
ကိုယ့်ဘာသာကိုယ်လုပ်မယ်လို့ပြောနေတာကို
ပြောမရတဲ့ ရှင်ဖုန်းကို ရွှေအိမ်စံမပြောတော့ပဲ
သူလုပ်သမျှငြိမ်ခံနေလိုက်ရတယ်နှစ်ယောက် T-shirtအဖြူလေးကို ဘောင်းဘီ အတို အနပ်ရောက်နဲ့တွဲ၀တ်လိုက်တယ်
YOU ARE READING
အချစ်ရှိရာ(Complete)
Romanceတစ်ဘ၀လုံး 'မ'ကိုသာချစ်မည် 'မ'ကိုသာမြတ်နိုးမည် 'မ'ဆီမှာသာအကျရှုံးခံမည်