Part - 25

3.9K 202 9
                                    

ခေတ်တို့လဲပြန်သွားကြပြီး ရှင်ဖုန်းကတော့
‌ခွန်းဟေသာကို အရင်ပြန်လိုက်ပို့တယ် ပြီးမှ
ရွှေအိမ်စံကိုပြန်ပို့ပါတယ်

အပြန်မှာတော့

"မမ"

"ဟင်"

"အခု မမနဲ့တွဲနေတာ အိမ်ကလူတွေကို
အသိပေးကြမလား"

"ဟမ်...သူတို့ သဘောတူပါ့မလား"

"အဲ့တာတော့ သေချာမသိဘူးလေ"

"အင်း ရှင်ဖုန်း ကျောင်းပြီးမှပြောပါလား
အခု‌ကကျောင်းလဲမပြီးသေးဘူးလေ

"အင်း မမ သဘောလေ"

"Inn"

ရွှေအိမ်စ်ကုအိမ်ပြန်ပို့ပြီး အပြန်လမ်းမှာ အမည်မသိဖုန်းတစ်လုံး ရှင်ဖုန်းကိုဖုန်းဆက်လာတယ်

"ဟလို"

"ဟိုင်းးး ရှင်ဖုန်း မတွေ့ရတာ ၁လတောင်ရှိပြီနော် ဟက်!"

"မင်းနဲ့ငါ သိလို့လား"

"မေ့သွားပြီလား ငါ့ကို ငါလေ ငါ့အသံမမှတ်မိဘူးလား"

"မင်!...နေသစ်လား"

"တော်သေးတာပေါ့ကွာ မှတ်မိသေးလို့"

"ဘာကိစ္စဖုန်းဆက်တာလဲ မင်းနဲ့ငါနဲ့ကြား ပြောစရာကိစ္စမရှိဘူးထင်တယ်"

"ရှိလာမှပေါ့ကွ မင်းရဲ့အချောလေးကို ငါကြိုက်နေပြီကွ သေချာထိန်းသိမ်းနော် ငါဆီရောက်ရင်တော့
အဟက်!"

ရှင်ဖုန်းက နေသစ်ပြောတဲ့ အချောလေးဆိုတာ
ရွှေအိမ်စံကိုပြောမှန်းသိသွားတယ်

"ဘာ! မင်း သူ့ကိုထိရဲထိကြည့်! ငါကမင်းကိုဒီတိုင်းမထားဘူး"

"စောင့်ကြည့်ကြတာပေါ့ bye!"

ပြောပြီးဖုန်းချသွားလေရဲ့ ရှင်ဖုန်းကတော့
နေသစ်ဆိုတဲ့ကောင်ကို သတ်ပစ်ချင်လောက်အောင် စိတ်‌တိုနေပါတော့သည်

**********************
နေသစ်တို့ဘက်မှာတော့

" ဘယ်လိုလဲ စစ်နိုင် စုံစမ်းပြီးပြီလား"
နေသစ်က မေးသည်

"အင်း စုံစမ်းပြီးပြီ"

"ဘာတွေများလဲ ပြောပါအုန်း"

အချစ်ရှိရာ(Complete)Where stories live. Discover now