ရှင်ဖုန်းကျောင်းရောက်သည့်တိုင်
ဟိုနှစ်ယောက်ကတော့ ရောက်မလာသေး
မမနှိုးတာကြောင့် အဖုန်းအစောရီးနိုးသည်လေအဲ့တာကြောင့် ဒီနေ့ ခါတိုင်းလိုနောက်ကျမနေပါ
အာကာမင်းရောက်ရောက်ချင်းမျက်လုံးပင် ပြူးသွားရသည်
နေ့တိုင်းနောက်ကျမှရောက်တဲ့ကာလနဂါးက
ဒီနေ့ သူအရင်ရောက်နေသည်လေကိုယ့်မျက်လုံးကိုယ်တောင်မယုံနိုင်ပါ
"ဟဲ့ ရှင်ဖုန်း ဒီနေ့ စောစောစီးစီးရောက်နေပါလား"
"အင်း"
"ထူးထူးဆန်းဆန်း"
"နင်ကလဲ စောစောလာတော့လဲ လာလို့ မလာတော့လဲမလာလို့"
"ထူးဆန်းနေလို့ပါဟ"
"😒😒"
အဲ့အချိန် နောက်တစ်ယောက် ထပ်ရောက်လာ
ပါတယ်"သယ်ရင်းလေးတို့ရေ ဒီနေ့ငါနောက်ကျနေတာလား အဖုန်းမ တောင်ရောက်ပြီ ငါအခုမှရောက်တာဆိုတော့"
အာကာမင်းပြန်ဖြေသည်
"မဟုတ်ဘူး ရှင်ဖုန်းကဒီနေ့အစောရီးရောက်နေတာ ငါတောင် ခုနကမှရောက်တာ""ဟမ် ငါထီသွားထိုးရတော့မယ်ထင်တယ် ထူးထူးဆန်းဆန်း အစောရီးရောက်တယ် ဟုတ်လား!?"
" ဟုတ်ပါတယ်ဆိုနေ"
"ငါလေ...စိတ်ပိန်တယ် ငါအစောရီးလာတာပဲအထူးအဆန်းဖြစ်လို့ နင်တို့ကလဲ"
"ထူးဆန်းနေလို့လေဟယ်"
"😑😑"
"သွားမယ် သွားမယ် မုန့်အရင်သွားစားမယ်
ငါဗိုက်ဆာနေပြီ"
အာကာမင်း ရှေ့ဆုံးမှ အရင်ထွက်သွားသည်"ငါ့ကိုစောင့်အုန်းလေ"
ခွန်းကပါ ပြေးလိုက်သွားသည်ရှင်ဖုန်းတစ်ယောက်သာကျန်ခဲ့သည် သူကတော့
အေးအေးဆေးဆေး လမ်းလျှောက်ရင်းသာ သူတို့ဆီသွားလိုက်သည်စော်ကြည်ဘဲကြည်တဲ့ရှင်ဖုန်းကတော့
ဘယ်နေရာသွားသွားမလွတ် ဓာတ်ပုံရိုက်သူကရိုက် လက်ဆောင်ဆိုပြီးပေးတဲ့သူကပေး ငေးတဲ့သူက မျက်လုံးပြုတ်မတက်ငေးနေကသည်
စော်ကြည်ဘဲကြည်ဖြစ်ရတဲ့ဒုက္ခပါလေ....")
YOU ARE READING
အချစ်ရှိရာ(Complete)
Romanceတစ်ဘ၀လုံး 'မ'ကိုသာချစ်မည် 'မ'ကိုသာမြတ်နိုးမည် 'မ'ဆီမှာသာအကျရှုံးခံမည်