1-END

1.3K 107 10
                                    


°"ဒီနေ့ ဆရာ့ကို ညီမနဲ့ ဒိတ်လုပ်နိုင်မလား သွားမေးခဲ့တယ်"
"အစ်မ!"

"ဟင်"

"ညီမပြောတာကြားလား။"

စိ‌တ်တွေအတော်လှုပ်ရှားနေပုံပေါက်နေတဲ့ကောင်မလေးဘေးက
ကိုယ့်စိတ်ကိုယ် ငြိမ်အောင် အတင်းထိန်းနေပုံရတဲ့နောက်ထပ် ကျောင်းသူလေးတစ်ယောက်။°

-

"ခါရီနာ ...ခါရီနာ ခင်ဗျ"

ဘေးဘက်က သူမကို ခေါ်နေတဲ့ အသံကြောင့် လက်တွေ့ဆီဆွဲခေါ်ခံလိုက်ရချိန် သူမကို ချိန်ထိုးကာ ရိုက်ကူးနေတဲ့ ကင်မရာ တစ်ခု ရှိနေတဲ့အပြင် ထိုင်နေရာရဲ့ ရှေ့တည့်တည့်မှာ တခြားအခန်းနဲ့ ဖောက်ထွင်းမြင်ရတဲ့ မှန်တစ်ချပ်ခြားထားတဲ့ အသံလုံအခန်းထဲ ရောက်နေခြင်းဖြစ်ကြောင်း သတိကပ်မိသည်။

ဖောက်ထွင်းမြင်ရတဲ့ မှန်တစ်ဖက်က လုပ်ဖော်ကိုင်ဖက်ဟာ သူမကို အဆင်ပြေရဲ့လားဟု ‌အသံတိတ်မေးသည်။
ခေါင်းသာ ညိတ်ပြလိုက်ရင်း earphone ကို နားပေါ် နေရာပြန်ကျအောင် အုပ်လိုက်သည်။

"ဟုတ်ကဲ့ ဒါဆို ဒီနေ့အတွက် နောက်ဆုံး ပေးပို့လာတဲ့ စာလေးကို ဖတ်ပြပေးပါ့မယ်။ ပေးပို့လာသူနာမည်ကတော့ Winter ❄️ ဘဲဖြစ်ပါတယ်။"
"ဝါး နာမည် အလှလေးဘဲနော်"

တကယ်ဆို ထိုနာမ်စားဟာ နာမည်တစ်ခုကိုမရည်ညွှန်းဘဲ တခြားတစ်ခုခုဖြစ်နိုင်သည့်တိုင် သူမမယ် ကိုယ့်ကိုကိုယ် မထိန်းနိုင်ခဲ့။
လည်ချောင်းထဲ အတော်ခြောက်ကပ်လာသည်။
စိတ်အခြေအနေနဲ့ပြောင်းပြန်ဆန်စွာ တက်ကြွတဲ့ အသံနေအသံထား
အောက်မှာ ခံစားချက် အချို့ဟာ တွန်းထိုး ထွက်လာဖို့ကြိုးစားနေသည်။

"သူငယ်ချင်းတစ်ယောက်နဲ့ အတော်အကြာက ရန်ဖြစ်ခဲ့ပါတယ်။
သူနဲ့ အဆင်ပြန်ပြေချင်ပေမယ့် သူက အရမ်းစိတ်ဆိုးသွားတာမို့
ဘာဆက်လုပ်ရမလဲ မသိလို့ပါ။ "

ဖွဲ့နွဲ့တာတွေမပါ ခပ်ရှင်းရှင်းရေးထားတဲ့ စာကြောင်းနောက်မှာ ဘယ်လို အဖြေပြန်ပေးရမလဲ ဆိုတာ သူမရဲ့ တာ၀န်ပင်ဖြစ်သည်။ပေးပို့လာတဲ့လူ စိတ်ကျေနပ်အောင် သူ့ကိစ္စ အဆင်ပြေအောင်...

ENDWhere stories live. Discover now