part 39

54.1K 5.4K 745
                                    

ဟိုတယ်ဝန်းထဲသို့ ကားကိုခပ်ကြမ်းကြမ်း လိုက်မောင်းဝင်ခဲ့ရင်းဖြင့် စစ်နိုင်းရင်ထဲ ပူလောင်ပြင်းပြလို့နေရသည်။ဖြစ်ချင်တော့ ဒီဟိုတယ်က ဝေယံတို့အဖေပိုင်တဲ့ လုပ်ငန်းတွေထဲက တစ်ခုဆိုတာလည်း သိနေရ၍ အလုပ်ကိစ္စနဲ့များ လာတာလား ဒါမှမဟုတ် တခြားကိစ္စတစ်ခုခုဖြင့်လားဟုလည်း လှည့်ပတ်တွေးနေမိပြန်သည်။ကားက်ို ခပ်မြန်မြန် ပါကင်ထိုးပြီး receptionရောက်တော့ ဝေယံ့နာမည်ကိုပဲ တိုက်ရိုက်မေးမြန်းလိုက်သည်။ဝေယံ့၏ သူငယ်ချင်း ဝေယံနှင့်အတူတူလာတာ ဘာညာဟု receptionမှာ ခပ်တည်တည်ဖြင့် ဖောရှောရိုက်လိုက်တော့မှ ဟိုတယ်မှ ဧည့်ကြိုဝန်ထမ်းလေးက ဝေယံတို့ရှိသော အခန်းသို့လိုက်ပို့ပေးလေသည်။ဧည့်ကြိုလေး လမ်းပြခေါ်ဆောင်ရာသို့ လိုက်ပါလာခဲ့ရင်း စစ်နိုင်း၏ ရင်ထဲမှာ ပူလောင်စိုးထိတ်မှုများနှင့် ရတက်မအေးနိုင်။သူမမြင်ချင်တဲ့ မြင်ကွင်းမျိုးကို တကယ်လက်တွေ့ မျက်ဝါးထင်ထင် မြင်လိုက်ရလျှင် သူရင်ဆိုင်နိုင်ပါ့မလား မသေချာ။

"ဒေါက် ဒေါက် ဒေါက်..."

ဧည့်ကြိုဝန်ထမ်းလေး၏ အခန်းတံခါးကို ခပ်ဖွဖွခေါက်သံထက်ကို စိတ်လှုပ်ရှားမှုကြောင့် သူ့ရင်ဘတ်ထဲ ခုန်ပေါက်နေတဲ့ နှလုံးခုန်သံက ပို၍ကျယ်လောင်နေမည် ထင်ရသည်။တံခါးရှေ့မှာ စောင့်ဆိုင်းနေရတဲ့ စက္ကန့်အပိုင်းအခြားလေးဟာ သူ့အတွက်တော့ ရာစုနှစ်တွေကို ဖြတ်သန်းနေရသလို ရှည်ကြာလွန်းလှ၏။

"ချပ်...!"

ချပ်ကနဲ တံခါးဖွင့်သံနှင့်အတူ အခန်းဝမှာ ပေါ်လာသော အပေါ်ပိုင်းဗလာကျင်းဖြင့် လူငယ်တစ်ယောက်၏ ပုံစံကြောင့် စစ်နိုင်း၏ မျက်လုံးတို့ ပြာဝေသွားရတော့သည်။ပြီးတော့ ဒေါန၏ အပေါင်းအသင်းများထဲ ဒီတစ်ယောက်ကို သူတစ်ခါမှ မမြင်ဖူးပေ။ထိုအချိန်ခဏလေးအတွင်းမှာပဲ သူ့စိတ်က မှန်သည်မှားသည်ကို မစဉ်းစားမဆုံးဖြတ် နိုင်တော့ပဲ ကမူးရှုးတိုးနိုင်စွာဖြင့် တံခါးဝမှလူ၏ပခုံးအား တိုးတိုက်ကာ အခန်းထဲသို့ ဒရောသောပါ ပြေးဝင်သွားလိုက်တော့သည်။အခန်းထဲရောက်တော့ မြင်လိုက်ရသော မြင်ကွင်းက စစ်နိုင်း၏ ခြေလှမ်းတို့အား ရပ်တန့်သွားစေသလို လူကိုလည်း အိုးတိုးအမ်းတမ်း  ဖြစ်သွားစေလေသည်။

Green Eye(complete)Where stories live. Discover now