part 37

50.1K 5.2K 408
                                    

"အန်တီချို့ကိုတော့ သားသိပြီးသား မဟုတ်လား အခုကစပြီး သားတို့နဲ့ အတူတူနေတော့မှာ ဆိုတော့ မေချိုလို့ ပြောင်းခေါ်လို့ရပြီနော်.."

ပွဲထိုင်းပိုးချိတ် ဝမ်းဆက်ဖြင့် အန်တီချိုက ဟိုတုန်းက အိမ်ကို အဝင်အထွက်ပြုခဲ့ဖူးသည့် ပုံစံနှင့် ခြားနားလှစွာ ဒီနေ့ကျမှ ပို၍သပ်ရပ် တောက်ပြောင်လို့နေသည်။ရှင်းခန့်၏ ပခုံးအား ခပ်ဖွဖွဆုပ်ကိုင်၍ အပြုံးနွေးနွေးဖြင့် ပြောတော့ ဖေဖေက ဘေးနားမှာ ခပ်ပြုံးပြုံးသာ ရပ်ကြည့်လို့နေသည်။အန်တီနီလာ ပြောတာတော့ အန်တီချိုက သူ့ရဲ့မိထွေး ဖြစ်လာပြီတဲ့။မိထွေးဆိုတဲ့ ဝေါဟာရကို သူသေချာနားမလည်ပါ။သူသိတာ အန်တီချိုက မေမေ့ရဲ့ နေရာကို အစားထိုးဝင်ယူပြီး ဖေဖေ့ရဲ့မိန်းမ ဖြစ်လာတာပင်။သူပိုင်ဆိုင်တဲ့ ဖေဖေ့ရဲ့ အချစ်တွေကို အန်တီချိုနှင့် ဝေမျှယူရတော့မှာ ဖြစ်သည်။ဖေဖေ့က သူ့တစ်ဦးတည်း အပိုင်မဟုတ်တော့ပေ။

"သူက ဒေါနတဲ့ သားထက် ၂လလောက်ပဲငြယျတာ အတန်းလည်းတူတူပဲ ဆိုတော့ ညီအစ်ကိုနှစ်ယောက် အဖော်ရတာပေါ့..."

ရွှေညိုရောင်လိုလို ကော်ဖီညိုရောင်လိုလို ဆံပင်အကောက်လိမ်လိမ် အုပ်အုပ်လေးဖြင့် ကောင်လေးက ရှင်းခန့်ကို မျက်လုံးလေး ပြူးကြည့်လို့နေသည်။ဖော်ရွေလိုဟန်ဖြင့်လည်း ပြုံးပြလာသည်။အသားအရည်က ဖြူလွန်းတာမလို့ အနည်းငယ်တောင် နီစပ်စပ်ဖြစ်ချင်နေသည်။အထူးခြားဆုံးက သူ့ရဲ့မျက်လုံးလေးတွေ ဖြစ်သည်။သူတို့နှင့်မတူပဲ ကွဲပြားနေသည့် စိမ်းဖန့်ဖန့် မျက်လုံးတွေက သူ့အတွက် အထူးခြားဆုံး ဖြစ်သည်။ပါးမို့လေးတွေ နှာခေါင်းထိပ်ဖျားလေးတွေကအစ ပန်းရောင်ရင့်ပြီး ရဲနေပုံလေးက ဒီကောင်လေးကို နိုင်ငံခြားသားလေးအလား ထင်မှတ်မှားစေသည်။ပြီးတော့ သူ့လိုမျိုး ပိန်ပိန်သွယ်သွယ်မဟုတ်ပဲ သူ့ထက်အနည်းငယ် ထွားကျိုင်းသည်။ခြုံ၍ကြည့်လျှင် သူ့ရှေ့က ဒေါနဆိုသော နိုင်ငံခြားကောင်သည် ချစ်ခင်ဖွယ်ရာ နှစ်လိုဖွယ်ရာ ကောင်းတဲ့ကောင်လေးပဲ ဖြစ်သည်။

"အိတ်တွေလာသယ်ကြဟေ့..."

ဖေဖေ လှမ်းပြောတော့ အိမ်ထဲမှ အလုပ်သမားတစ်ခ်ျို့က ထွက်လာကာ ပါလာသော ခရီးဆောင်အိတ်တို့အား အထဲသို့ သယ်မယူသွားကြလေသည်။

Green Eye(complete)Where stories live. Discover now